Barcamp
TU Thanlyin 2013 ပွဲကို
၇.၈.၂၀၁၃
ရက်နေ့က
TU
Thanlyin မှာ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြပါတယ်။
ဟဲဟဲ….. အပင်ပန်းခံပြီး
သွားထားရတာဆိုတော့ ဘယ်ရမလဲ။
စာရေးဆရာလိုလို၊
ဘာလိုလိုနဲ့ Post တစ်ခုလောက်ကမြင်းလိုက်ဦးမယ်…
(အမောပြေအောင်လို့…..)
နောက်တာပါဗျာ…
ဆရာကြီးလုပ်တယ်လို့တော့
မထင်ကြပါနဲ့….
ဒီလိုပါပဲ….
ပွဲကြိုက်မောင် ဆိုတော့ ( အုန်းပွဲတို့၊ ငှက်ပျောပွဲတို့…. )
ကြားသမျှ
Barcamp တွေ အလွတ်မပေးနိုင်ဘဲကိုးဗျ။
ပြီးတော့
ဒီပွဲက ရန်ကုန်မှာလည်းဖြစ်၊ TU ကျောင်းတစ်ခုမှာလုပ်တာလည်းဖြစ်တော့
သွားချင်တာ
ယားနေတာပဲ… (ခြေထောက်ကို ပြောပါတယ်….)
ကဲ ပေမရှည်ဘဲ
လိုရင်းပဲ ပြောတော့မယ်။
မနက် ၇း ၃၀ ကနေ အိမ်ကထွက်တယ်။
ည ၆ နာရီကျ
ပြန်ရောက်တယ်။
အသွား ၃ ဆင့်စီးတယ်၊
အပြန် ၂ ဆင့်စီးတယ်။
ကားပေါ်မှာပဲ
၅ နာရီ၊ TU Thanlyin မှာ ၅း ၃၀ လောက်ကြာအောင်နေခဲ့ရတယ်။
ကျောင်းရောက်တော့
Online Registration Ticket နဲ့
လက်ဆောင်သွားထုတ်တယ်။
( ဟဲဟဲ…. လာထားစမ်း….)
ဒါပေသိ အနော့်ကို
အင်္ကျီပဲပေးတယ်ဂျာ…. တခြားဘာမှလည်းရဘူး။ ( အဟင့်..)
ပြီးတော့….ဘယ်နားကြည့်ကြည့်
ကော်ဖီတိုက်တာပဲတွေ့တယ်။
Coke လေးများသောက်ရမလားလို့
လိုက်ရှာတာ၊
အမြှုပ်တောင်မတွေ့ဘူး…
( ငတ်ပုံ)
ကဲ… အသာထားပါ။
ပြောမယ့်အကြောင်းအရာကိုပဲ
ဆက်တော့မယ်။
ကျွန်တော်ရောက်တော့
မတင်မိုးလွင်က First Impression ဆိုတဲ့
Topic နဲ့
စပြောနေပြီဗျ။
တော်တော်လည်းကောင်းတယ်ဗျာ၊
ပြောသွားတဲ့ အကြောင်းအရာက။
ကျောင်းသားတွေ၊
ဆရာဆရာမတွေဆိုတာ အုံခဲနေတာပဲ။
အဲဒီ့ မြင်ကွင်းလေးကြည့်ပြီးတော့
မှော်ဘီရပ်နေ
ကျောင်းရပ်မြေကို
အမောင်တွေး၍
လွမ်းပါ၏။
(ဟဲဟဲ…ပေါပုံ….)
လာပြောတဲ့
သူတွေလည်း အတန်အသင့်တော့ များကြပါတယ်။
ကိုပြေတီဦးလည်း
“အင်ဂျင်နီယာတစ်ဦး၏ အနုပညာခရီး“ ဆိုပြီးတော့ လာပြောတယ်။
( နားမထောင်ဖြစ်လိုက်ပါ..)
နောက်ပြီး
သန်လျင်ကျောင်းက ဆရာဆရာမတွေကလည်း
အသီးသီး
topic တွေ ယူပြီးပြောကြတယ်။
Ubuntu
Myanmar Loco Team က ကိုကိုရဲကလည်း
Ubuntu
OSအကြောင်းနဲ့ RaspberryPi အကြောင်းပြောသွားတယ်။
( ဟီး…..
Pi အကြောင်းတော့ တော်တော်လေး စိတ်ဝင်စားသွားတယ်။
အတည်ကြီး
မိုက်တယ်ဂျ…..)
ပြီးတော့
ဆရာမဂျူးက “လူငယ်နှင့် သဘာဝပတ်ဝန်းကျင်”၊
ဆရာအော်ပီကျယ်က
“လူငယ်နှင့် စိတ်ဓာတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။
Mitsubishi
Electric နဲ့ Ericsson တို့ကလည်း လာတယ်။
အဲ…. စိတ်ဝင်စားစရာနောက်တစ်ခုက
Loop
Avoidance သင်တန်းက ဆရာဦးနန္ဒကြူက
“Networking
& Ethical Hacking” ဆိုပြီးတော့
Network အမျိုးမျိုးကို
ဖောက်ပြသွားပါတယ်။
(VOIP,
Wireless Network စသည်ဖြင့်ပေါ့လေ….)
(အံမယ်….
ဆရာက EC တွေတောင် ဆွဲထည့်လိုက်သေး၊ Wireless Network အကြောင်းသင်ရတယ်မှတ်လားတဲ့….၊
ဘယ်ရမလဲ ခေါင်းညိတ်လိုက်တာပေါ့ “သိဘူးလို့” )
အဲဒါ နည်းနည်းလေးမြင့်လို့
ကျွန်တော်သိပ်နားမလည်ခဲ့ပါ။
(နာတယ်ကွာ….
မှတ်မိလိုက်ရင် Network လည်းဖောက်လို့ရ၊ Internet လည်းခိုးသုံးလို့ရပြီ။)
<….အချောင်လိုချင်တုန်းကိုး….>
ပြီး…. မြန်မာနိုင်ငံဆရာဝန်အသင်းက
ဟာသတစ်ခန်းရပ်ပြဇာတ်နဲ့
တခြားအစီအစဉ်တွေလုပ်သွားပါတယ်။
ပြီးတော့
ကိုသော်တာ ဆိုတဲ့ လူငယ်တစ်ယောက်က
Online
Education ဆိုပြီးပြောသွားတယ်။ စိတ်ဝင်စားစရာပါ။
အဲ…နေဦး….
ကျောင်းက ပါမောက္ခချုပ်ဆရာကြီးဦးကြည်စိုးလည်း လာသေးတယ်ဗျ။
သွားနှုတ်ဆက်ဦးမလို့ဘဲ၊
ဟောပြောပွဲအခန်းထဲရောက်နေလို့။
ဒီတစ်ခေါက်
Barcamp မှာ ရေကြောင်းကသူတချို့လည်း လာပြီးပြောကြတယ်၊
တချို့က ကျောင်းသားသမဂ္ဂအကြောင်း၊
တချို့ကလည်း ကျောင်းပြီးသွားရင် ဘာလုပ်ကြမှာလဲ စသည်ဖြင့်
ပြောခဲ့ဆွေးနွေးခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့
Lucky Draw အစီအစဉ်နဲ့ ပိတ်ပွဲလုပ်နေတုန်း
ကျွန်တော်လည်း
သန်လျင်ကျောင်းကြီးကို နှုတ်ဆက်ရင်းနဲ့ ပြန်လစ်ခဲ့ပါတယ်။
ဒီ Post လေးက
ကျွန်တော်တတ်သလောက်၊မှတ်သလောက်ရေးထားတာပါ။
Barcamp မှာ
ဝင်ပြောတဲ့သူတွေ၊ ဆွေးနွေးတဲ့သူတွေ၊ စီစဉ်တဲ့ Organizer တွေ၊ ပံ့ပိုးတဲ့ Sponsor တွေက
အပင်ပန်းခံပြီး ဆင်နွှဲခဲ့တဲ့အတွက် ကျွန်တော်လိုဘာမဟုတ်တဲ့ Barcamper တစ်ယောက်ကလည်း
EC သူငယ်ချင်းတွေနဲ့
သိတာလေးတွေ ပြန် share လိုက်ပါတယ်။
အမှားပါရင်
sorry ပါနော်။
အားလုံးပဲ
ပျော်ရွှင်ကြပါစေ။
Ref : https://www.facebook.com/BarcampTuThanlyin
No comments:
Post a Comment