ဟဲဟဲ…. ကျွန်တော့်သူငယ်ချင်းတွေရဲ့
skill တွေကို
ကျွန်တော်သိပြီးသားပါ။
ပေါက်တတ်ကရတွေ
လျှောက်လျှောက်ပြောရမယ်ဆို
ရှေ့ဆုံးကလေ။
(ကျွန်တော်အပါအဝင်ပေါ့…..)
အခုတောင်ကျွန်တော့်ကို
ပေါက်ကရ ၄၀ မဟုတ်ဘူး။ ပေါက်ကရ ၅၀ ဆိုပြီးတော့တောင်
ပြန်ရစ်ပြီး
ပေါက်ကရပြောဖို့ ပါးစပ်ယားနေလိမ့်ဦးမယ်။
ဒီအစီအစဉ်လေးထည့်ရတဲ့
ရည်ရွယ်ချက်ကရှင်းပါတယ်။
ဒီလိုဗျာ….
ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားကျောင်းသူတွေဆိုတာ
အသစ်အဆန်းတစ်ခုကို
တီထွင်ချင်ကြတဲ့စိတ်၊ စိတ်ကူးဥာဏ်ကွန့်မြူးတဲ့စိတ်လေးတွေ
အနည်းနဲ့အများရှိတတ်ကြတယ်ဗျ။
အဲဒီ စိတ်ကူးဥာဏ်လေးတွေ
နိုးကြားလာရင့်သန်လာစေဖို့အတွက်
ကျွန်တော်တို့
ဒီနေရာလေးမှာ ပေါက်ကရတွေ စဉ်းစားပြီး
ပေါက်ကရတွေ
ရေးကြ၊ ဆွေးနွေးကြမယ်လေ။
သိတဲ့အတိုင်းပဲ....တစ်ခါတစ်လေ
idea အသစ်အဆန်းတွေဟာ
ဒီလို ပေါက်ကရတွေးရင်းစဉ်းစားရင်းနဲ့ပဲ
ရလာကြတာများပါတယ်။
အဲ… ပေါက်ကရဆိုပေမယ့်
တစ်ဖက်သားကိုထိခိုက်စေမယ့်
ညစ်ညမ်းတဲ့စကားလုံးတွေ၊
အကြောင်းအရာတွေ မပါကြေးပေါ့နော်…
ကဲ… အခုကစပြီး
ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေထား။
ယုတ္တိရှိတာတွေ၊
မရှိတာတွေကို စိတ်ထဲက မောင်းထုတ်ပြီး
ပေါက်ကရ ၄၀
မှာ ပေါက်ကရရေးကွယ်လို့သာ ဆောသြလိုက်ပါတော့သတည်း။
No comments:
Post a Comment