Monday, September 23, 2013

မြဝတီသို့ Field ဆင်းခြင်း- အပိုင်း ၁

သူငယ်ချင်းတို့ရေ...
ကျွန်တော်တို့ 1T.EC ပထမအသုတ်က
ဒီနေ့ ၂၅ ရက်နေ့မှာ မြဝတီ (MWD) ကို
ပထမဆုံးရက်အနေနဲ့
Teacher ဒေါ်နီလာဝင်းနဲ့ Teacher ဒေါ်နော်ခူးစေးဝါးတို့ ဦးဆောင်ပြီး
ကျောင်းသားကျောင်းသူ ၅၂ ယောက်နဲ့အတူ Feilds ဆင်းခဲ့ပါတယ်။

အစကတော့နည်းနည်း ဖိန်းတိန်းတိန်းတော့ ဖြစ်ခဲ့သေးတယ်။
စစ်တပ်ဆိုတော့လေ...

ရောက်တော့ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။
ဟိုက Engineer တွေ၊ တာဝန်ရှိသူတွေကလည်း
ဖော်ဖော်ရွှေရွှေပါပဲဗျာ။
ကျွန်တော်တို့ အရမ်းပျော်ခဲ့ရသလို
အားလည်းတက်ခဲ့ရပါတယ်။

ဆရာမတွေကလည်း တစ်တပ်တစ်အားနဲ့ ကျွန်တော်တို့ကို
ကြီးကြပ်ပေးခဲ့ပါတယ်။
ဒီ့အတွက် ဆရာမတွေကိုလည်း
ထပ်ခါထပ်ခါ ကျေးဇူးတင်နေခဲ့မိပါတယ်။

ပြီးတော့ ကျွန်တော်တို့ကို လိုက်လံပြသပေးခဲ့ သင်ကြားပေးခဲ့တဲ့
ဆရာ ဗိုလ်မှူးကိုအောင်စည်ဟိန်း နဲ့ စက်မှု ၁ ဦးတင်ကိုကို တို့အား
အထူးကျေးဇူးတင်မိပါတယ်။

ကျွန်တော်တို့ လိုက်လံမှတ်သားခဲ့ကြတာလေးကို
နောက်မှ ပြန်share လိုက်ပါ့မယ်။
Recording တွေ၊ ဓါတ်ပုံတွေလည်း ရိုက်ထားတယ်ဗျာ့....
အဲ.... studio ခန်းထဲတောင် ရောက်လိုက်သေးတယ်ဂျာ့...

ဒီကနေ့တော့ ကျွန်တော်တို့ Group က
1T.EC သူငယ်ချင်းတွေ အကုန်လုံး အပြုံးတွေကိုယ်စီနဲ့
အပျော်ကြီးပျော်နေခဲ့ကြပါတယ်။
အားလုံးအားလုံးလည်း စိတ်ဝင်တစားနဲ့ကို သေသေချာချာလိုက်နားထောင်ကြပါတယ်။

ကျွန်တော်ကျောင်းတက်လာတဲ့ ၃ နှစ်သက်တမ်းတစ်လျှောက်မှာတော့
EC တွေ ဒီလောက်စိတ်အားထက်ထက်သန်သန်နဲ့
စိတ်ဝင်တစား lecture နားထောင်တာကိုမြင်ရတာ
ပထမဆုံးပါပဲဗျာ....

နောက်သွားမယ့်အဖွဲ့တွေလည်း
အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....


No comments:

Post a Comment