Wednesday, September 25, 2013

Kဗျာ

Kဗျာမတတ် စာမဖတ်တော့
ဘယ်သို့ဘယ်လာ ရေးရမည်မှာ
ဗလာအတိ ငါမသိမို့
စိတ်ထဲရှိရာ ရေးလိုက်ပါသည်
ဤKား ငါ၏ Kဗျာတည်း။


ရေးသူ  :ေMာင်Kဗျာ

ပေါက်ကရ ၄၀ Tab မိတ်ဆက်

ဟဲဟဲ…. ကျွန်တော့်သူငယ်ချင်းတွေရဲ့ skill တွေကို
ကျွန်တော်သိပြီးသားပါ။
ပေါက်တတ်ကရတွေ လျှောက်လျှောက်ပြောရမယ်ဆို
ရှေ့ဆုံးကလေ။ (ကျွန်တော်အပါအဝင်ပေါ့…..)
အခုတောင်ကျွန်တော့်ကို ပေါက်ကရ ၄၀ မဟုတ်ဘူး။ ပေါက်ကရ ၅၀ ဆိုပြီးတော့တောင်
ပြန်ရစ်ပြီး ပေါက်ကရပြောဖို့ ပါးစပ်ယားနေလိမ့်ဦးမယ်။

ဒီအစီအစဉ်လေးထည့်ရတဲ့ ရည်ရွယ်ချက်ကရှင်းပါတယ်။
ဒီလိုဗျာ…. ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားကျောင်းသူတွေဆိုတာ
အသစ်အဆန်းတစ်ခုကို တီထွင်ချင်ကြတဲ့စိတ်၊ စိတ်ကူးဥာဏ်ကွန့်မြူးတဲ့စိတ်လေးတွေ
အနည်းနဲ့အများရှိတတ်ကြတယ်ဗျ။
အဲဒီ စိတ်ကူးဥာဏ်လေးတွေ နိုးကြားလာရင့်သန်လာစေဖို့အတွက်
ကျွန်တော်တို့ ဒီနေရာလေးမှာ ပေါက်ကရတွေ စဉ်းစားပြီး
ပေါက်ကရတွေ ရေးကြ၊ ဆွေးနွေးကြမယ်လေ။
သိတဲ့အတိုင်းပဲ....တစ်ခါတစ်လေ idea အသစ်အဆန်းတွေဟာ
ဒီလို ပေါက်ကရတွေးရင်းစဉ်းစားရင်းနဲ့ပဲ ရလာကြတာများပါတယ်။
အဲ… ပေါက်ကရဆိုပေမယ့် တစ်ဖက်သားကိုထိခိုက်စေမယ့်
ညစ်ညမ်းတဲ့စကားလုံးတွေ၊ အကြောင်းအရာတွေ မပါကြေးပေါ့နော်…
ကဲ… အခုကစပြီး ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေထား။
ယုတ္တိရှိတာတွေ၊ မရှိတာတွေကို စိတ်ထဲက မောင်းထုတ်ပြီး

ပေါက်ကရ ၄၀ မှာ ပေါက်ကရရေးကွယ်လို့သာ ဆောသြလိုက်ပါတော့သတည်း။

Tuesday, September 24, 2013

About Tabs

သူငယ်ချင်းတို့ရေ...
Tabs တွေက လုပ်ပဲလုပ်ထားရသေးတာ။
အထဲက ဘာမှချိတ်ရသေးတာမဟုတ်ဘူး။
post လေးတွေနည်းနည်းပါးပါး တင်ပြီးတော့မှပဲ
Tab တွေအောက်ပို့လိုက်မယ်။
အကြောင်းအရာစုံစုံလင်လင်လေး ရေးပေးကြပါနော်...
နောက်မှဘဲ Tab တစ်ခုချင်းအတွက် မိတ်ဆက်လေးရေးတော့မယ်...

Monday, September 23, 2013

မြဝတီသို့ Field ဆင်းခြင်း- အပိုင်း ၁

သူငယ်ချင်းတို့ရေ...
ကျွန်တော်တို့ 1T.EC ပထမအသုတ်က
ဒီနေ့ ၂၅ ရက်နေ့မှာ မြဝတီ (MWD) ကို
ပထမဆုံးရက်အနေနဲ့
Teacher ဒေါ်နီလာဝင်းနဲ့ Teacher ဒေါ်နော်ခူးစေးဝါးတို့ ဦးဆောင်ပြီး
ကျောင်းသားကျောင်းသူ ၅၂ ယောက်နဲ့အတူ Feilds ဆင်းခဲ့ပါတယ်။

အစကတော့နည်းနည်း ဖိန်းတိန်းတိန်းတော့ ဖြစ်ခဲ့သေးတယ်။
စစ်တပ်ဆိုတော့လေ...

ရောက်တော့ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။
ဟိုက Engineer တွေ၊ တာဝန်ရှိသူတွေကလည်း
ဖော်ဖော်ရွှေရွှေပါပဲဗျာ။
ကျွန်တော်တို့ အရမ်းပျော်ခဲ့ရသလို
အားလည်းတက်ခဲ့ရပါတယ်။

ဆရာမတွေကလည်း တစ်တပ်တစ်အားနဲ့ ကျွန်တော်တို့ကို
ကြီးကြပ်ပေးခဲ့ပါတယ်။
ဒီ့အတွက် ဆရာမတွေကိုလည်း
ထပ်ခါထပ်ခါ ကျေးဇူးတင်နေခဲ့မိပါတယ်။

ပြီးတော့ ကျွန်တော်တို့ကို လိုက်လံပြသပေးခဲ့ သင်ကြားပေးခဲ့တဲ့
ဆရာ ဗိုလ်မှူးကိုအောင်စည်ဟိန်း နဲ့ စက်မှု ၁ ဦးတင်ကိုကို တို့အား
အထူးကျေးဇူးတင်မိပါတယ်။

ကျွန်တော်တို့ လိုက်လံမှတ်သားခဲ့ကြတာလေးကို
နောက်မှ ပြန်share လိုက်ပါ့မယ်။
Recording တွေ၊ ဓါတ်ပုံတွေလည်း ရိုက်ထားတယ်ဗျာ့....
အဲ.... studio ခန်းထဲတောင် ရောက်လိုက်သေးတယ်ဂျာ့...

ဒီကနေ့တော့ ကျွန်တော်တို့ Group က
1T.EC သူငယ်ချင်းတွေ အကုန်လုံး အပြုံးတွေကိုယ်စီနဲ့
အပျော်ကြီးပျော်နေခဲ့ကြပါတယ်။
အားလုံးအားလုံးလည်း စိတ်ဝင်တစားနဲ့ကို သေသေချာချာလိုက်နားထောင်ကြပါတယ်။

ကျွန်တော်ကျောင်းတက်လာတဲ့ ၃ နှစ်သက်တမ်းတစ်လျှောက်မှာတော့
EC တွေ ဒီလောက်စိတ်အားထက်ထက်သန်သန်နဲ့
စိတ်ဝင်တစား lecture နားထောင်တာကိုမြင်ရတာ
ပထမဆုံးပါပဲဗျာ....

နောက်သွားမယ့်အဖွဲ့တွေလည်း
အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....


Saya U Mya Kyaing English Language School အကြောင်း

ဟုတ်ကဲ့ပါခင်ဗျာ…
ဒီသင်တန်းအကြောင်းနဲ့ပတ်သက်ပြီးတော့
ကျွန်တော်သိသလောက်၊ စုံစမ်းထားသလောက်ကို
ဒီက သူငယ်ချင်းတွေဆီ
သင်တန်းလမ်းညွှန်အနေနဲ့ ပြန်လည်ပြီးဝေမျှချင်ပါတယ်။

Name           : U Mya Kyaing English Language School
Place            : ဆင်ရေတွင်းမှတ်တိုင်၊ အောင်မြေသာစည်လမ်းအတွင်း
Time Table    :

  Time


Date
8:00 - 9:30 AM
9:30 – 11:00
11:30 – 12:30
12:30 – 1:30
1:30 – 2:30
3:00 – 4:30
5:00 – 6:30
6:30 – 8:00 PM
Mon
Basic*
Intermediate*
Junior Reading
Newsweek*
Basic*
Basic*
Basic
Tues
Basic*
Intermediate*
Junior Reading
Grammar*
Senior Reading*
Basic*
Basic*
Basic
Wed
Basic*
Intermediate*
Junior Reading
Writing*
Senior Reading*
Basic*
Basic*
Basic
Thurs
Basic*
Intermediate*
Junior Reading
Translation*
Senior Reading*
Basic*
Basic*
Basic
Fri
COC Day (School Holiday)


   Time

Date
8:00 - 9:30 AM
9:30 – 11:00
11:30 – 12:30
12:30 – 1:30
1:30 – 2:30
2:30 – 4:00
4:00 – 5:30 PM
Sat
Basic*
Basic*
Grammar
Senior Advanced*
Senior Reading*
Intermediate*
Basic
Sun
Basic*
Basic*
Grammar
Senior Advanced*
Senior Reading*
Intermediate*
Basic
* ပြထားတဲ့အတန်းတွေက ဆရာကြီးကိုယ်တိုင် သင်တာပါ။ ကျန်တဲ့အတန်းတွေကိုတော့ ဆရာကြီးရဲ့တပည့်တွေ သင်ပါတယ်။

 သင်တန်းကြေးကတော့  : Basic အတွက်ဆို လစဉ်သင်တန်းကြေးက 3000 ကျပ်ပါ။(တစ်လလုံးအတွက်ပါ။)
ပထမစအပ်အပ်ချင်းဆိုရင်တော့ စာအုပ်စာတမ်းကြေးပါအပါအဝင် 8000 သို့ 10000 ခန့်ကျသင့်ပါလိမ့်မယ်။
နောက်ပိုင်းဆိုရင်တော့ တစ်လကို 3000 ကျပ်ပါ။ (ကျွန်တော်တော့ အရမ်းတန်တယ်လို့ မြင်ပါတယ်။)
ကိုယ်အဆင်ပြေသလို ကြိုက်နှစ်သက်ရာသင်တန်းချိန်ကို တက်ရောက်ကြည့်နိုင်ပါတယ်။
“ကိုယ်တက်နိုင်ရင် တစ်ပတ်လုံးကို၊ တစ်နေကုန်တက်ရင်တောင်မှ ရတယ်။ သင်တန်းကြေးကတော့ တစ်လကို သုံးထောင်ပဲ။ အင်္ဂလိပ်စာကို ရေရှည်လေ့လာဖို့ ပိုအဆင်ပြေစေပါတယ်။ “ လို့ ဒီသင်တန်းကို တက်ရောက်နေတဲ့ သင်တန်းသူတစ်ယောက်က ဆိုပါတယ်။
ဆရာကြီးကလည်း “ပေးရတဲ့သင်တန်းကြေးထက် သင်တန်းလာရတဲ့ ခရီးစရိတ်ကတောင် ပိုကုန်ပါလိမ့်မယ်။” လို့ ပြောခဲ့ဖူးပါတယ်။
ကျန်တဲ့အတန်းတွေကိုတော့ လိုအပ်တဲ့စာအုပ်စာတမ်းတွေထပ်ဝယ်ပြီး တက်ရောက်နိုင်ပါတယ်တဲ့။
မကြာခင်စသင်တော့မယ့် Senior Reading တန်းအတွက် စာအုပ်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။
1.    “Short Stories” by Leo Tolstoy (From Tuesday to Thursday)
2.  “Twelve Riches” by Napoleon Hill (From Sat to Sun)
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သိချင်တာတွေရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။





Saturday, September 21, 2013

Barcamp TU Thanlyin 2013 ပွဲက သိခဲ့ရသမျှ

Barcamp TU Thanlyin 2013 ပွဲကို
၇.၈.၂၀၁၃ ရက်နေ့က
TU Thanlyin မှာ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြပါတယ်။

ဟဲဟဲ….. အပင်ပန်းခံပြီး သွားထားရတာဆိုတော့ ဘယ်ရမလဲ။
စာရေးဆရာလိုလို၊ ဘာလိုလိုနဲ့ Post တစ်ခုလောက်ကမြင်းလိုက်ဦးမယ်…
(အမောပြေအောင်လို့…..)
နောက်တာပါဗျာ…
ဆရာကြီးလုပ်တယ်လို့တော့ မထင်ကြပါနဲ့….
ဒီလိုပါပဲ…. ပွဲကြိုက်မောင် ဆိုတော့ ( အုန်းပွဲတို့၊ ငှက်ပျောပွဲတို့…. )
ကြားသမျှ Barcamp တွေ အလွတ်မပေးနိုင်ဘဲကိုးဗျ။
ပြီးတော့ ဒီပွဲက ရန်ကုန်မှာလည်းဖြစ်၊ TU ကျောင်းတစ်ခုမှာလုပ်တာလည်းဖြစ်တော့
သွားချင်တာ ယားနေတာပဲ… (ခြေထောက်ကို ပြောပါတယ်….)
ကဲ ပေမရှည်ဘဲ လိုရင်းပဲ ပြောတော့မယ်။

မနက်  ၇း ၃၀ ကနေ အိမ်ကထွက်တယ်။
ည ၆ နာရီကျ ပြန်ရောက်တယ်။
အသွား ၃ ဆင့်စီးတယ်၊ အပြန် ၂ ဆင့်စီးတယ်။
ကားပေါ်မှာပဲ ၅ နာရီ၊ TU Thanlyin မှာ ၅း ၃၀ လောက်ကြာအောင်နေခဲ့ရတယ်။
ကျောင်းရောက်တော့ Online Registration Ticket နဲ့
လက်ဆောင်သွားထုတ်တယ်။ ( ဟဲဟဲ…. လာထားစမ်း….)
ဒါပေသိ အနော့်ကို အင်္ကျီပဲပေးတယ်ဂျာ…. တခြားဘာမှလည်းရဘူး။ ( အဟင့်..)
ပြီးတော့….ဘယ်နားကြည့်ကြည့် ကော်ဖီတိုက်တာပဲတွေ့တယ်။
Coke လေးများသောက်ရမလားလို့ လိုက်ရှာတာ၊
အမြှုပ်တောင်မတွေ့ဘူး… ( ငတ်ပုံ)
ကဲ… အသာထားပါ။
ပြောမယ့်အကြောင်းအရာကိုပဲ ဆက်တော့မယ်။

ကျွန်တော်ရောက်တော့ မတင်မိုးလွင်က First Impression ဆိုတဲ့
Topic နဲ့ စပြောနေပြီဗျ။
တော်တော်လည်းကောင်းတယ်ဗျာ၊ ပြောသွားတဲ့ အကြောင်းအရာက။
ကျောင်းသားတွေ၊ ဆရာဆရာမတွေဆိုတာ အုံခဲနေတာပဲ။
အဲဒီ့ မြင်ကွင်းလေးကြည့်ပြီးတော့
မှော်ဘီရပ်နေ ကျောင်းရပ်မြေကို
အမောင်တွေး၍ လွမ်းပါ၏။
(ဟဲဟဲ…ပေါပုံ….)
လာပြောတဲ့ သူတွေလည်း အတန်အသင့်တော့ များကြပါတယ်။
ကိုပြေတီဦးလည်း “အင်ဂျင်နီယာတစ်ဦး၏ အနုပညာခရီး“ ဆိုပြီးတော့ လာပြောတယ်။
( နားမထောင်ဖြစ်လိုက်ပါ..)
နောက်ပြီး သန်လျင်ကျောင်းက ဆရာဆရာမတွေကလည်း
အသီးသီး topic တွေ ယူပြီးပြောကြတယ်။
Ubuntu Myanmar Loco Team က ကိုကိုရဲကလည်း
Ubuntu OSအကြောင်းနဲ့ RaspberryPi အကြောင်းပြောသွားတယ်။
( ဟီး….. Pi အကြောင်းတော့ တော်တော်လေး စိတ်ဝင်စားသွားတယ်။
အတည်ကြီး မိုက်တယ်ဂျ…..)
ပြီးတော့ ဆရာမဂျူးက “လူငယ်နှင့် သဘာဝပတ်ဝန်းကျင်”၊
ဆရာအော်ပီကျယ်က “လူငယ်နှင့် စိတ်ဓာတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

Mitsubishi Electric နဲ့ Ericsson တို့ကလည်း လာတယ်။
အဲ…. စိတ်ဝင်စားစရာနောက်တစ်ခုက
Loop Avoidance သင်တန်းက ဆရာဦးနန္ဒကြူက
“Networking & Ethical Hacking” ဆိုပြီးတော့
Network အမျိုးမျိုးကို ဖောက်ပြသွားပါတယ်။
(VOIP, Wireless Network စသည်ဖြင့်ပေါ့လေ….)
(အံမယ်…. ဆရာက EC တွေတောင် ဆွဲထည့်လိုက်သေး၊ Wireless Network အကြောင်းသင်ရတယ်မှတ်လားတဲ့….၊ ဘယ်ရမလဲ ခေါင်းညိတ်လိုက်တာပေါ့ “သိဘူးလို့” )
အဲဒါ နည်းနည်းလေးမြင့်လို့ ကျွန်တော်သိပ်နားမလည်ခဲ့ပါ။
(နာတယ်ကွာ…. မှတ်မိလိုက်ရင် Network လည်းဖောက်လို့ရ၊ Internet လည်းခိုးသုံးလို့ရပြီ။)
<….အချောင်လိုချင်တုန်းကိုး….>
ပြီး…. မြန်မာနိုင်ငံဆရာဝန်အသင်းက ဟာသတစ်ခန်းရပ်ပြဇာတ်နဲ့
တခြားအစီအစဉ်တွေလုပ်သွားပါတယ်။
ပြီးတော့ ကိုသော်တာ ဆိုတဲ့ လူငယ်တစ်ယောက်က
Online Education ဆိုပြီးပြောသွားတယ်။ စိတ်ဝင်စားစရာပါ။
အဲ…နေဦး…. ကျောင်းက ပါမောက္ခချုပ်ဆရာကြီးဦးကြည်စိုးလည်း လာသေးတယ်ဗျ။
သွားနှုတ်ဆက်ဦးမလို့ဘဲ၊ ဟောပြောပွဲအခန်းထဲရောက်နေလို့။
ဒီတစ်ခေါက် Barcamp မှာ ရေကြောင်းကသူတချို့လည်း လာပြီးပြောကြတယ်၊
တချို့က ကျောင်းသားသမဂ္ဂအကြောင်း၊ တချို့ကလည်း ကျောင်းပြီးသွားရင် ဘာလုပ်ကြမှာလဲ စသည်ဖြင့်
ပြောခဲ့ဆွေးနွေးခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ Lucky Draw အစီအစဉ်နဲ့ ပိတ်ပွဲလုပ်နေတုန်း
ကျွန်တော်လည်း သန်လျင်ကျောင်းကြီးကို နှုတ်ဆက်ရင်းနဲ့ ပြန်လစ်ခဲ့ပါတယ်။

ဒီ Post လေးက ကျွန်တော်တတ်သလောက်၊မှတ်သလောက်ရေးထားတာပါ။
Barcamp မှာ ဝင်ပြောတဲ့သူတွေ၊ ဆွေးနွေးတဲ့သူတွေ၊ စီစဉ်တဲ့ Organizer တွေ၊ ပံ့ပိုးတဲ့ Sponsor တွေက အပင်ပန်းခံပြီး ဆင်နွှဲခဲ့တဲ့အတွက် ကျွန်တော်လိုဘာမဟုတ်တဲ့ Barcamper တစ်ယောက်ကလည်း
EC သူငယ်ချင်းတွေနဲ့ သိတာလေးတွေ ပြန် share လိုက်ပါတယ်။
အမှားပါရင် sorry ပါနော်။

အားလုံးပဲ ပျော်ရွှင်ကြပါစေ။


Ref     :  https://www.facebook.com/BarcampTuThanlyin

သင်တန်းလမ်းညွှန်

ဒါလေးကတော့...
ကျွန်တော်တို့သိသလောက် ကောင်းနိုးရာရာ သင်တန်းလေးတွေကို
ပြန် share ထားတာ ဖြစ်ပါတယ်။

Friday, September 20, 2013

မင်္ဂလာပါခင်ဗျာ...

ကျွန်တော်တို့ ဒီ blog လေးကို
ထောင်ချင်နေခဲ့တာတော့ ကြာပါပြီ။
စာမေးပွဲနဲ့မို့ မအားမလပ်ခဲ့လို့မထောင်ဖြစ်ခဲ့တာပါ။
အခုတော့ ဒီ blog ကို
ECE (TU Hmawbi) Facebook Group  နဲ့ တွဲဖက်ပြီး
အသုံးပြုသွားမှာ ဖြစ်ပါတယ်။

EC မောင်နှမတွေအနေနဲ့
Facebook Group ကို အသုံးပြုသလိုမျိုး
ဒီ blog လေးကို အသုံးပြုစေချင်ပါတယ်။
ပြီးတော့ ဝင်ရောက်ပြီး post ရေးချင်တယ်ဆိုလည်း ပြောနော်.....