သူငယ်ချင်းတို့ရေ…
 ကျွန်တော် Book Review တော့သိပ်မရေးတတ်ပါဘူး။
ဒါပေမယ့်
မကြာသေးခင်ကမှ စာအုပ်ကောင်းတစ်အုပ်တွေ့ထားမိလို့
ဖတ်ရှုပြီးကြိုက်လွန်းတာနဲ့
ပြန်လည်ညွှန်းလိုက်ရပါတယ်။
အဲဒီစာအုပ်ကတော့
ကိုဇာဂနာရေးထားတဲ့ “ပထမ“ ဆိုတဲ့ စာအုပ်ပါ။
ကျွန်တော့်အနေနဲ့
ဒီလိုစာအုပ်မျိုးကို သုံးသပ်ပြဖို့ ဥာဏ်မမှီပါဘူး။
အဓိကက သာမန်စာဖတ်သူတစ်ယောက်အနေနဲ့
ဖတ်ပြီးမှတ်ပြီး
ခံစားရတာလေးတွေကို
တင်ပြရုံသက်သက်ပါ။
ဒီစာအုပ်က
ကိုဇာဂနာတို့သူငယ်ချင်းတစ်သိုက် ၈၈ အရေးအခင်းအပြီး
ပထမဆုံးအဖမ်းခံခဲ့ရတဲ့
အတွေ့အကြုံနဲ့ 
ထောင်အတွင်းမှာနေခဲ့ရတဲ့
အတွေ့အကြုံလေးတွေကို
မှတ်တမ်းတင်ရေးသားထားတာပါ။
နိုင်ငံရေးဗဟုသုတ
သိပ်မရှိလှတဲ့ကျွန်တော့်အတွက်တော့ 
ဒီစာအုပ်လေးဖတ်ရတာ
တခြားကမ္ဘာကို ရောက်သွားသလိုပါပဲ။
ကျွန်တော်တို့လူငယ်တွေ
မမှီခဲ့တဲ့အဖြစ်အပျက်တွေကို သိခဲ့ရမှတ်သားခဲ့ရတယ်။
ကျွန်တော့်အနေနဲ့တော့
မှတ်တမ်းဆိုတာထက် 
ဝတ္ထုတစ်အုပ်ကို
ဖတ်နေရသလိုခံစားရပါတယ်။
အရေးအသားကလည်း
ကောင်း၊ 
ဟာသလေးပါနှောထားတော့
ဖတ်လို့ မငြီးနိုင်အောင်ပါပဲ။
အဲ… တစ်ပါတည်းထည့်ပြောရရင်
ဒီစာအုပ်ကို
ဝယ်မယ်ဆို ဈေးနှုန်း ၂၅၀၀ ကျပ်ပါလို့ message ထပ်ပေးလိုက်ပါရစေ။
(ဝယ်ဖတ်မယ်လို့
စိတ်ကူးနေတဲ့သူတွေအတွက်ပါ။)
နောက်ဆုံးအနေနဲ့
ပြောရရင်
ကျွန်တော်တို့လို
လူငယ်တွေအနေနဲ့ 
ဒီလိုမျိုးရှေးဟောင်းနှောင်းဖြစ်လေးတွေကို
ပြန်လည်ဖတ်ရှုခွင့်ရတဲ့အတွက်
အရမ်းဝမ်းသာမိပါတယ်လို့။
သူငယ်ချင်းတို့လည်း
ဖတ်ကြည့်လိုက်ကြဦးနော်။
ကျွှန်တော့်ဆီမှာ Ebook တော့ရှိတယ်။လိုချင်ရင်ပြောဗျာ။
ReplyDelete