Saturday, October 05, 2013

မြန်မာနှင့် Online Learning

Online Learing အကြောင်းကိုတော့
အားလုံးပဲ ရိပ်စားမိကြမှာပါ။
အခုပြောချင်တာကတော့ online learning နဲ့ပတ်သက်ပြီး
ကျွန်တော်တို့တွေ မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေပါ။
ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေလည်း ပါပါတယ်။

edX  ဆိုတဲ့ Online Learnig Platform ကို စံနမူနာထားပြီးတော့ ပြောချင်ပါတယ်။
Challenges for Myanmar Online Learners
1.    Internet Connection နှေးကွေးမှု။
2.    Insufficient proficiency of English။
3.    သင်ယူရတဲ့သင်ခန်းစာတွေက တအားခက်နေခြင်းပါ။
4.    အချိန်အလုံအလောက် မပေးနိုင်တာ။
5.    သင်ကြားမှုပုံစံနဲ့ အံဝင်ခွင်ကျမဖြစ်တာ။
6.    ဇွဲမရှိတာ တစ်နည်း loss of motivation
7.    သင်ယူရမယ့် Course အတွက် Resource အလုံအလောက်မရှိတာ။

အသေးစိတ်လေးပြောရရင်…
1.    Internet Connection နှေးကွေးမှု။ ( ဒါကတော့…….. အတော်များများ ညည်းကြတဲ့ကိစ္စပါ။ တချို့ online course တွေက Site ကိုက လေးသလို။ များသောအားဖြင့် Video Tutorial တွေပါတတ်တဲ့အတွက် ဒီက Connection နဲ့ကြည့်ဖို့ သိပ်အဆင်မပြေလှပါဘူး။ စာခက်လို့ဆိုတာထက် Connection မကောင်းလို့ လမ်းတစ်ဝက်မှာ ဆက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်ကြတာများပါတယ်။ ကျွန်တော်အပါအဝင်ပေါ့လေ။ ဒါပေမယ့် ဒီပြဿနာကလည်း ကြံဖန်လုပ်ရင်တော့ ပြေလည်နိုင်ပါသေးတယ်။)
2.    Insufficient proficiency of English။ ( ဒါကလည်း ပြဿနာတစ်ခုပါပဲ။ English လိုသင်တာဆိုတော့ Englishစာကို အထိုက်အလျောက်သိဖို့တော့ လိုပါတယ်။ English စာကလည်း အတော်တိုင်ပတ်စေပါတယ်။ ဒါပေမယ့် အရမ်းကြီးလည်း ကြောက်စရာမလိုပါဘူး။ များသောအားဖြင့် Simple English ကို သုံးပေးကြပြီး၊ Video က အသံထွက်ကို မဖမ်းမိရင်တောင်မှ Caption တွေကတော့ ပြောနေတဲ့စကားကို ဖတ်လို့ရပါသေးတယ်။ ပြီးတော့ မိမိရဲ့ ဘာသာစကားနဲ့ပြန်ဆိုထားတာရှိရင် ရှာဖတ်လို့ရပါတယ်။ ဝမ်းနည်းစရာက မြန်မာလိုတော့ မရှိပါဘူး။ အဲ Reading, Listening နဲ့ Writing ကို အသင့်အတင့်လောက်ရှိရင် အဆင်ပြေနိုင်လောက်ပါတယ်။)
3.    နောက်တစ်ခုက သင်ယူရတဲ့သင်ခန်းစာတွေက တအားခက်နေခြင်းပါ။ ( တချို့Course တွေက Prerequisite ဆိုပြီးတော့ ဒီ course ကိုတက်ရောက်ဖို့အတွက် လိုအပ်တဲ့ Background Knowledge တွေကို ပြောပြထားပါတယ်။ အဲဒါလေးတွေ ဖြည့်ဆည်းထားမှ သူတို့သင်တဲ့ သင်ခန်းစာတွေကို လိုက်လို့ အဆင်ပြေမှာပါ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ကတော့ Course စီစဉ်သူအများစုက ပြင်ထားပြီးသားပါ။ Discussion Forum တို့ စသည်ဖြင့်ပေါ့။ မသိတာမေးလို့ ရအောင်လေ။)
4.    အချိန်အလုံအလောက်မပေးနိုင်တာ။ ( ဒါကတော့ သင်ယူမယ့် သူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ မိမိဘာသာမိမိ Time Management လုပ်ပြီးတော့ သင်ယူမှ အဆင်ပြေမှာပါ။ edX မှာတော့ အချိန်ကို Fixed ထားပြီး လေ့လာစရာမလိုသလို Video Lecture တွေကိုလည်း Live ကြည့်စရာမလိုပါဘူး။)
5.    သင်ကြားမှုပုံစံနဲ့ အံဝင်ခွင်ကျမဖြစ်တာ။ ( အင်း…..ဒါကတော့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ပေါ်မှာပဲ အခြေတည်ပါလိမ့်မယ်။ ဟိုက Course တွေက Assignment တွေ၊ Quizz တွေ စသည်ဖြင့် သူတို့ပုံစံနဲ့ သူတို့သင်တာဆိုတော့ ဒီက ကျွန်တော်တို့လို ကျောင်းသားတွေအတွက် စစချင်းတော့ အကျွမ်းတဝင်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကတော့ လုပ်ရင်းလုပ်ရင်းနဲ့ အဆင်ပြေသွားမှာပါ။ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်။)
6.    ဇွဲမရှိတာ or Loss of motivation ။ ( ဒီ ပြဿနာနဲ့ပတ်သက်ပြီး အစ်ကိုတစ်ယောက်ဖြေသွားတာကို ကြိုက်ပါတယ်။ ဒီ့အတွက်တော့ အဖြေမရှိပါဘူးတဲ့။ ဟုတ်ပါတယ်။ ဒါက ကာယကံရှင်အပေါ်မှာ လုံးဝမူတည်နေပါတယ်။ တခြားတခြားပြဿနာတွေက ဇွဲရှိမယ်။ စိတ်အားတက်ကြွမှုရှိမယ်ဆိုရင် ဖြေရှင်းနိုင်ပါသေးတယ်။ အဲ…. ဇွဲပါမရှိရင်တော့ Course တစ်ခုပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်အားလျော့မယ်ဆိုလည်း လျော့တော့လျော့စရာပါ။ Myanmar နိုင်ငံက Online Learner တစ်ယောက်ကြုံတွေ့ရတဲ့ အခက်အခဲတွေက တခြားသောနိုင်ငံက Online Learner တွေထက် ပိုများလို့ပါ။
7.    သင်ယူရမယ့် Course အတွက် Resource အလုံအလောက်မရှိတာ။ ( ဒါကတော့…. အတော့်ကို ခံပြင်းဖို့ကောင်းပါတယ်။ လက်ဝှေ့ထိုးပါမယ်ဆိုခါမှ လက်မရှိသလိုပေါ့။ Programming သင်ချင်ပါတယ်၊ တတ်ချင်ပါတယ်ဆိုမှ Computer တစ်လုံးတောင် မရှိတဲ့ အဖြစ်မျိုးပဲ။ တချို့ Course တွေက မိမိမှာ ဘယ်လို OS သုံးထားတဲ့ Computer တစ်လုံးရှိဖို့လိုပါတယ် စသည်ဖြင့် လိုအပ်တဲ့ Resource တွေကို တောင်းဆိုထားပါတယ်။ များသောအားဖြင့် Computer Science နဲ့ Programming Course တွေပါ။ အဲဒါမှ သူတို့ပေးတဲ့ Assignment တွေကို လက်တွေ့လုပ်နိုင်မှာပါ။ တခြားနိုင်ငံက သူတွေအတွက်တော့ အဆင်မပြေနိုင်စရာမရှိပေမယ့် ကျွန်တော်တို့ရွှေမြန်မာတွေအတွက်တော့ အခက်အခဲတစ်ခုပါပဲ။ နောက်တစ်ခုက Internet သုံးစွဲနိုင်မှုပါ။ Online learning မှာ တစ်ချို့ဟာတွေက offline လုပ်လို့ရပြီး တစ်ချို့ဟာတွေကိုတော့ online ကနေမှ လုပ်လို့ရပါတယ်။ အဲဒီတော့ Internet ဖိုးက သောက်သောက်လဲကုန်ဖို့ ရှိပါတယ်။ ဒါလည်း ကျွန်တော်တို့အတွက်တော့ အခက်အခဲကြီးပါပဲ။)

အခက်အခဲတွေကတော့ ဒီ့ထက်လည်းရှိနိုင်ပါသေးတယ်။
ဒီလိုအခက်အခဲတွေရှိတယ်ဆိုပြီးတော့လည်း တွန့်ဆုတ်စရာမလိုပါဘူး။
အခက်အခဲသိမှ ဘာတွေလိုအပ်နေတယ်ဆိုတာသိမှာပါ။
ဘာလိုနေလဲသိမှ လိုလျှင်ကြံဆပြီး တိကျတဲ့နည်းလမ်းကို ရနိုင်မှာပါ။
ဒီ post ကတော့ ကျွန်တော်ဥာဏ်မှီသလောက်ရယ်၊ အခြားသောကိုးကားထားတာလေးတွေကို ပေါင်းစပ်ထားတာပါ။
လွဲနေတာလေးတွေရှိက ကျွန်တော့်အပြစ်ပါ။
အားလုံးအတွက် အကျိုးရှိနိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။


Credits to : ကိုသော်တာ (A speaker about Online Learning @ Barcamp TU Thanlyin 2013)

No comments:

Post a Comment