Wednesday, October 23, 2013

မပြန်ပါရစေနဲ

ငရဲမင်း.....မောင်မင်းနာမည်။
ဖြေ..........ဇင်ကိုကို ပါခင်ဗျာ။
ငရဲမင်း.....မောင်မင်းရဲ့စစ်တန်းကိုကြည့်ရတာ အပြစ်ကြီးကြီးကျယ်ကျယ်မတွေ့
ဒါကြောင့် မောင်မင်းလူ့ပြည်ကိုပြန်ခွင့်ရမယ်မောင်မင်း။
ဖြေ..........လူ့ပြည်ဆို ဘယ်နိင်ငံကို ပို့ပေးမှာပါလဲ ခင်ဗျာ။
ငရဲမင်း.....မောင်မင်း လာခဲ့တဲ့မြန်မာပြည်ပဲပေါ့။
ဖြေ.........ဗျာ.....ဒါဆိုရင်တော့ ငရဲပဲအကျခံပါတော့မည် ခင်ဗျာ။
ငရဲမင်း.....ဟေ...ဘာကြောင့်လဲမောင်မင်း။
ဖြေ.........ဒီလိုပါခင်ဗျာ၊ကျွန်တော်မျိုး၏ ချစ်သူက သူမကို လာခိုး ခိုင်းသည့်
အချိန်နဲ့နေရာကို ကျွန်တော်ဆီကို Mail ပို့ထားတာ မြေအောက် Cables ကြိုးတွေ
ပြင်နေသည့်အတွက် လိုင်းမကောင်းသောကြောင့် Mail စစ်လို့မရ၍ ချစ်သူနှင့်
တစ်ဘ၀စာ လွဲခဲ့ရသည့်အရေးကို မခံစားနိင်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံ
ခဲ့ရကြောင်းပါခင်ဗျား။
ငရဲမင်း.....ဟေ.......ဒုခိ။ 
 

Thursday, October 17, 2013

ကဲ အဖြေပေးကြရအောင်

ပထမဆုံး
1.EC ရဲ့အရှည်ကောက်ကို ဘယ်လိုခေါ်သလဲ။

Tuesday, October 15, 2013

Downlလုဒ် မိတ်ဆက်

ဒီ Downလုဒ်ဆိုတာလေးကတော့
နည်းပညာနဲ့သက်ဆိုင်တဲ့ ကောင်းနိုးရာရာ
ဖိုင်လေးတွေကို ပြန်လည်မျှဝေပေးထားတဲ့နေရာလေးပါ။


ကျောင်းပိတ်ပြီဟေ့

အခုလက်ရှိ ဒီ page မှာတော့
ကျောင်းစာနဲ့ပတ်သက်လို့ ဘာမှတင်စရာမရှိသေးပါဘူး။

အဲဒီတော့ ကျောင်းပိတ်ပြီ ဆိုတာကိုပဲ အရူးထစွာ ဟစ်ကျြွေးလိုက်ပါတယ်။
ကျောင်းတွေဖွင့်လို့ စာတွေသင်တော့မှ ပြန်ရေးမယ်ဗျို့။



တစ်ခါတည်းနဲ့ မမှတ်

နားတွေကို အုပ်ပြီး တကျွတ်ကျွတ်စုတ်သပ်ထိုးနေတဲ့ မနီကို သူငယ်ချင်းတစ်ယောက်ကတွေ့တော့

သူငယ်ချင်း။ ။”ဟာ မနီရ၊ နင့်နားဘယ်လိုဖြစ်လို့ နီရဲနေတာလဲ။”

မနီ။ ။ ”မပြောချင်ပါဘူးဟယ်။ ငါမီးပူတိုက်နေတုန်း ဖုန်းလာလို့ ယောင်ပြီး နားနားကပ်လိုက်တာ အပူလောင်သွားလို့။”

သူငယ်ချင်း။ ။ ”အမ်… ဒါဆို ဘာဖြစ်လို့ နားနှစ်ဖက်လုံးနီနေရတာလဲ။”


မနီ။ ။”ဖုန်းက နောက်တစ်ခေါက်လာတာကိုး။”

စုပေါင်းကာရယ် ပေးကြမယ့် EC informatoin ရယ်


EC major ကိုရွေးချယ်လာခဲ့ရပုံ(၂၀၁၃ ခုနှစ်သက္ကရာဇ် အထိ)

ကျွန်တော်တို့ကျောင်းစအပ်၊ major တွေစရွေးထဲကိုက major တစ်ခုရဲ့အသုံးဝင်ပုံတွေအကြောင်း၊လက်တွေ့လုပ်ငန်းတွေအကြောင်း၊ ထိုmajorကိုလေ့လာပါက လိုအပ်မည့်အခြားလ့လာရမည့် ဘာသာရပ်များအကြောင်း စသည်ဖြင့် information လေးတွေကို မပြည့်စုံရင်တောင် လုံလုံလောက်လောက်လေးတော့ ပေးကြရမှာပေါ့။ယခုတော့ ကျောင်းစအပ်လျင် major တစ်ခုခြင်းဆီအလိုက် jobs အခွင့်အလမ်း လေးတွေပေးထားတာကိုပဲကျောင်းသားတွေကြည့်ပြီးတော့ ဟိုmajorရွေးရင်ကောင်းနိးနိး ဒီmajorရွေးရင်ကောင်းနိးနိး နောက်ဆုံး တော့လည်းနံကြားထောက်ပြီးတော့ major ရွေးခဲ့ရတဲ့စနစ်တွေကတော့ ခေါက်ချိုးကိုကြေနေခဲ့ရပါပြီ။

၂၀၁၄ တွင်ကော ကျွန်တော် တို့ကျောင်းသားတွေ major ဘယ်လိုရွေးကြရအုံးမှာလဲ?
 ဒီတော့ major ရွေး၇ာတွင် အထောက်အကူ ဖြစ်စေဖို့ မေးခွန်းလေးတွေကိုcomment လေးတွေပေးပြီးဖြေပေးကြမည့်
အစီစဉ်လေးကို What is EC ? label မှာတင်ထားပါသည်၊

အထူးအစီစဉ် အနေနဲ့
သူငယ်ချင်းတို့ရေးပေးထားသော Comments ကိုများကိုစုပြီးတော့ ဆရာ၊ဆရာမများနှင့်တိုင်ပင်တည်းဖြတ်ပြီး ဗီနိင်းထုတ်ကာ ကျောင်းအပ်သောအခါတွင်ကြေညာပေး
မှာဖြစ်ပါသည်၊




Saturday, October 12, 2013

Pi πပိုင် - Raspberry Pi

ကျွန်တော်တို့ ဒီ ECEမှာ Electronics ပညာရပ်ပိုင်းဆိုင်ရာ Post တင်မှုနည်းပါးနေတဲ့အတွက်
ဒီတစ်ခါတော့ ကျွန်တော်သိသလောက်လေးကို ကြိုးစားပြီးမျှဝေလိုက်ပါတယ်။

ကျွန်တော်ပြောမှာကတော့ RPi အကြောင်းပါ။
တကယ်တော့ ဒီကောင်အကြောင်း ကျွန်တော်များများစားစားမသိလှပါဘူး။
အရင်ကတော့ ကြားဖူးနားဝရှိခဲ့ပေမယ့်
Ubuntu Myanmar LocoTeam က ကိုကိုရဲတို့ သန်လျင်Barcamp မှာ လာပြောတော့မှ
အနည်းငယ်သိခွင့်ရခဲ့တာပါ။
ပြီးတော့ RPi ကိုပဲ အသည်းစွဲအောင်ချစ်မိပြီ…. ဆိုသလိုပဲ
အဲဒီကတည်းက အတော်လေးကို စိတ်ဝင်စားသွားပါတယ်။

ဒီ RPi ကိုတော့ Raspberry Pi Foundation ကနေ တီထွင်အောင်မြင်ခဲ့ပြီး
SoC လို့ခေါ်တဲ့ System On Chip အမျိုးအစား ကွန်ပျူတာဖြစ်ပါတယ်။
Raspberry Pi ဟာ Credit Card Size သာသာ ဆေးလိပ်ဘူးခွံအရွယ်လောက်ရှိပါတယ်။
အတော်သေးငယ်ပေမယ့် Computer တစ်လုံးလောက်ကို အလုပ်လုပ်နိုင်ပါတယ်။
ဒီကောင့်ကို ထွင်ထားတဲ့ရည်ရွယ်ချက်က
တစ်ကမ္ဘာလုံးက ကျောင်းတွေကျောင်းတွေမှာ
Basic Computer Science နဲ့ Programming ကို
ကျောင်းသားတွေ လွယ်လွယ်ကူကူ ဈေးပေါပေါနဲ့ လက်တွေ့လုပ်နိုင်စေဖို့အတွက်ပါ။
အဓိကကတော့ဗျာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံက
ဆင်းရဲတဲ့ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက်
ဈေးပေါပေါနဲ့ ပေါ့ပါးတဲ့ Computer လေးတွေ ပံပိုးပေးနိုင်ဖို့ပေါ့။

ဒီRPi ကို Model A နဲ့ B ဆိုပြီး ခွဲခြားထားပါတယ်။
Model A ကတော့ 25 US$ ဖြစ်ပြီး
B ကတော့ 35 US$ ဖြစ်ပါတယ်။
သာမန်အိမ်သုံး Computer တွေနဲ့နှိုင်းယှဉ်ရင်တော့
အတော်လေးကို ပေါတဲ့ဈေးနှုန်းပါ။
(ကျွန်တော်တို့အတွက်တော့ ဈေးကြီးနေဦးမလား မသိဘူးပေါ့လေ…)

အဲ ရေးနေရတာကြာပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးပေမယ့်
စာတစ်ရာ ပုံတစ်ပုံလို့ပဲမှတ်ပြီး RPi ရဲ့ ပုံလေးကို သွားပဲကြည့်လိုက်ကြပါဗျာ။
Wiki မှာတော့ ပိုပြီးအသေးစိတ်သိနိုင်ပါတယ်။
https://en.wikipedia.org/wiki/Raspberry_Pi
Raspberry Pi Model B

ဒီ RPi ကို run ဖို့အတွက် DC 5 V ပေးရပါတယ်။
သူ့ကို Monitor၊ Speaker၊ Keyboard၊ Mouse၊ Network Cable၊ SD Card စတာတွေနဲ့ တွဲလို့ရအောင်
Port တွေ အစုံအလင်ပါရှိပြီးသားဖြစ်ပါတယ်။
OS ကတော့ SD Card ကနေ boot တက်တာဖြစ်ပြီး
Linux Distro အများစုနဲ့ အဆင်ပြေပါတယ်။
လောလောဆယ် Debian Base Raspbian OS ကို အများဆုံး သုံးပါတယ်။

တစ်ချို့ဆို ဒီ RPi ကို computer အနေနဲ့တင်မကဘဲ
Controller အနေနဲ့ပါ သုံးလာကြပါတယ်။
RPiကိုပဲသုံးပြီး
တစ်ချို့ဆို Robot တွေအထိ ထွင်ကြပါတယ်။
လက်ရှိ နိုင်ငံတကာတွင် အသုံးများနေသော Project များကို လေ့လာရန်
http://pingbin.com/2012/12/30-cool-ideas-raspberry-pi-project/

Video File
iPhone Voice Command - Raspberry Pi Home Automation Control
http://www.youtube.com/watch?v=PXmCiaRc9XU

လက်ရှိမြန်မာနိုင်ငံမှာ RPi နဲ့ပတ်သက်လို့
Ubuntu Myanmar Loco Team ကနေ
Training တွေ လိုက်ပေးနေပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်ကပဲ ပထမဆုံးသင်တန်းဖွင့်ပါတယ်။
ကျွန်တော်တို့ EC တွေ စာမေးပွဲတွင်းတုန်းကပေါ့။
အဲဒီအဖွဲ့နဲ့ဆက်သွယ်ပြီး သင်တန်းစုံစမ်းချင်ရင်တော့
ဒီ Fan page လေးကနေ ဝင်ကြည့်လိုက်ပါ။
https://www.facebook.com/ubuntumm

RPi ရဲ့ Official Site ကတော့ ဒီမှာပါ။
http://www.raspberrypi.org/

Credits to : Ubuntu Myanmar Loco Team
Ref    : https://en.wikipedia.org/wiki/Raspberry_Pi

Programming Language Level တွေ

အားလုံး မင်္ဂလာပါခင်ဗျာ။
ကျွန်တော့်အနေနဲ့ ဒီ Programming Language (PL) နဲ့ပတ်သက်တဲ့
Level လေးတစ်ချို့ကို လေ့လာထားသလောက်လေးတင်ပြချင်ပါတယ်။
လေ့လာဆဲကျောင်းသားတစ်ယောက်အနေနဲ့ ရေးတာဖြစ်တဲ့အတွက်
အမှားပါခဲ့ပါက အားမနာတမ်းဝေဖန်ထောက်ပြနိုင်ပါတယ်လို့ ပြောထားပါရစေ။

ဒီကနေ့ခေတ်မှာ PL တွေက အများကြီးမှအများကြီးပါ။
အဲ… မယုံရင် ဒီမှာသွားကြည့်လိုက်ပါ။
https://en.wikipedia.org/wiki/List_of_programming_languages

ဒီနေရာမှာ ကျွန်တော်တို့ EC ကျောင်းသားတွေအတွက် Programming လို့ပြောလိုက်တာနဲ့
C/C++, BASIC နဲ့ Assembly ကို အများဆုံးပြေးမြင်ကြပါတယ်။
Java တို့ C# တို့လို PL တွေကတော့ EC နဲ့ မဆိုင်သလိုပေါ့လေ။
ဒါနဲ့ပတ်သက်ပြီး အမြင်လွယ်အောင် level လေးတွေခွဲပြီး ပြောချင်ပါတယ်။

အဓိက PL တွေမှာLow Level နဲ့ High Level Language ဆိုပြီးရှိပါတယ်။
ပြောရရင် Computer တစ်လုံးကို ခိုင်းစေတာက လူပါ။ 
တကယ်အလုပ်လုပ်တာက စက်ပါ။ Machine ပါ။
လူကလူလိုပဲ နားလည်ပြီး၊ စက်ကစက်လိုပဲ နားလည်ပါတယ်။
စက်နားလည်တာက 1001 binary code တွေပါ။
အဲဒီတော့ လူတွေနားလည်နိုင်ဖို့နီးစပ်တဲ့ language ကို High Level Language လို့ဆိုလိုက်ပြီး
စက်တွေ Machine တွေ နားလည်တာကိုတော့ လူတွေက ခပ်တည်တည်ပဲ Low Level ဇာတ်ထဲ သွတ်သွင်းလိုက်ပါတယ်။

နောက်ပြီး Low Level ကို တစ်နည်းအားဖြင့် Machine Language လို့လည်းခေါ်ပါတယ်။
Machine Language မှာ သုံးရတာက 0010101 လိုမျိုး numeric codes တွေပါ။
Low Level ကနေ တစ်ဆင့်တက်ရင် Assembly Language ပါ။
သူကလည်း Machine Oriented ပါ။
ဒါပေမယ့် သူက numeric codes တွေသုံးတာမဟုတ်ဘဲ 
MOV ၊ ADD စတဲ့ mnemonic code တွေကို သုံးပါတယ်။
Numeric code တွေထက်တော့ နားလည်ရလွယ်သွားပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ဆိုခဲ့ပြီးတဲ့ High Level Language ပါ။
သူကတော့ လူတွေသုံးတဲ့ ဘာသာစကားနဲ့ အတော်နီးစပ်သွားပါပြီ။
C++ မှာဆို cin, cout, <<, {,) စသည်ဖြင့် 
English Language နဲ့ ဆင်တူတဲ့ အသုံးအနှုန်းတွေ ပါပါတယ်။
Java, Python, C#, VB.Net စတာတွေဟာ High Level ထဲမှာပါပါတယ်။
သူတို့ကိုတော့ Game ရေးတာတို့၊ Multism လို၊ Office Word လို 
Computer Software တွေရေးတာတို့မှာ အသုံးပြုပါတယ်။

နောက်ထပ်ဆက်ပြောရရင် 
လူတွေနားလည်တဲ့ High Level တစ်ခု(ဥပမာ- Java ဆိုပါတော့) 
နဲ့ရေးလိုက်တဲ့အခါ Source Code ကို ရပါတယ်။
အဲဒီ Source Code က Machine ကို တိုက်ရိုက်ခိုင်းစေလို့မရပါဘူး။
(ကုလားစကားပဲတတ်တဲ့သူကို မြန်မာလိုပြောပြီးခိုင်းလို့မရသလိုပေါ့လေ။)
အဲဒီ့အတွက် Source Code ကို Translator တွေဖြစ်တဲ့ 
Compiler ၊ Interpreter တွေသုံးပြီး
စက်နားလည်စေမယ့် Machine code ကို ပြောင်းလဲပေးလိုက်ပါတယ်။
အဲဒီတော့မှသာ စက်ကနားလည်ပြီး ခိုင်းတဲ့အတိုင်းလုပ်တာပါ။
ဒီသဘောတရားလေးကို ပုံနဲ့ပြရရင်
Source Code ====[Translator]=== Machine code or Object code

ရေးထားတာရှည်သွားပြီမို့ ဖတ်ရတာပျင်းနေတော့မှာပဲ။
အဲဒါကြောင့် ဒီနေရာမှာပဲ ရပ်လိုက်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မှားတာရှိလည်းထောက်ပြနိုင်ပါတယ်
Ref : Introduction to Computer System (McE – 1015)

စာအုပ်လမ်းညွှန်

သူငယ်ချင်းတို့ရေ…
 ကျွန်တော် Book Review တော့သိပ်မရေးတတ်ပါဘူး။
ဒါပေမယ့် မကြာသေးခင်ကမှ စာအုပ်ကောင်းတစ်အုပ်တွေ့ထားမိလို့
ဖတ်ရှုပြီးကြိုက်လွန်းတာနဲ့ ပြန်လည်ညွှန်းလိုက်ရပါတယ်။

အဲဒီစာအုပ်ကတော့ ကိုဇာဂနာရေးထားတဲ့ “ပထမ“ ဆိုတဲ့ စာအုပ်ပါ။
ကျွန်တော့်အနေနဲ့ ဒီလိုစာအုပ်မျိုးကို သုံးသပ်ပြဖို့ ဥာဏ်မမှီပါဘူး။
အဓိကက သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ဖတ်ပြီးမှတ်ပြီး
ခံစားရတာလေးတွေကို တင်ပြရုံသက်သက်ပါ။

ဒီစာအုပ်က ကိုဇာဂနာတို့သူငယ်ချင်းတစ်သိုက် ၈၈ အရေးအခင်းအပြီး
ပထမဆုံးအဖမ်းခံခဲ့ရတဲ့ အတွေ့အကြုံနဲ့
ထောင်အတွင်းမှာနေခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို
မှတ်တမ်းတင်ရေးသားထားတာပါ။

နိုင်ငံရေးဗဟုသုတ သိပ်မရှိလှတဲ့ကျွန်တော့်အတွက်တော့
ဒီစာအုပ်လေးဖတ်ရတာ တခြားကမ္ဘာကို ရောက်သွားသလိုပါပဲ။
ကျွန်တော်တို့လူငယ်တွေ မမှီခဲ့တဲ့အဖြစ်အပျက်တွေကို သိခဲ့ရမှတ်သားခဲ့ရတယ်။
ကျွန်တော့်အနေနဲ့တော့ မှတ်တမ်းဆိုတာထက်
ဝတ္ထုတစ်အုပ်ကို ဖတ်နေရသလိုခံစားရပါတယ်။
အရေးအသားကလည်း ကောင်း၊
ဟာသလေးပါနှောထားတော့ ဖတ်လို့ မငြီးနိုင်အောင်ပါပဲ။

အဲ… တစ်ပါတည်းထည့်ပြောရရင်
ဒီစာအုပ်ကို ဝယ်မယ်ဆို ဈေးနှုန်း ၂၅၀၀ ကျပ်ပါလို့ message ထပ်ပေးလိုက်ပါရစေ။
(ဝယ်ဖတ်မယ်လို့ စိတ်ကူးနေတဲ့သူတွေအတွက်ပါ။)

နောက်ဆုံးအနေနဲ့ ပြောရရင်
ကျွန်တော်တို့လို လူငယ်တွေအနေနဲ့
ဒီလိုမျိုးရှေးဟောင်းနှောင်းဖြစ်လေးတွေကို
ပြန်လည်ဖတ်ရှုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်လို့။

သူငယ်ချင်းတို့လည်း ဖတ်ကြည့်လိုက်ကြဦးနော်။

Sunday, October 06, 2013

Myanmar Bloggers Forum မှ စပ်စုခဲ့ရသမျှ (အပိုင်း-၂)

Freedom of Expression
ဒါလေးကတော့ အခုနောက်ပိုင်း သတင်းမီဒီယာတွေရော၊
ဘလော့ဂ်ဂါတော်တော်များများပါ ပြောလာတာပါ။
Forum လုပ်တဲ့နေ့ကလည်း ဒီ Freedom of Expression ဆိုတာကို
Topic တင်ပြီးတော့ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးဝိုင်းကနေ သိခဲ့ရတာလေးကို ပြန်လည်မျှဝေပါရစေ။

အရင်စစ်အစိုးရလက်ထက်တုန်းက
Freedom of Expression (လွတ်လပ်စွာ ဖော်ထုတ်ခွင့်) အတွက်
တိုက်ပွဲဝင်ခဲ့ကြရပါတယ်။
အဲဒီတုန်းက Blog တွေကတစ်ဆင့်ကြိုးစားပြီးတော့
သတင်းစစ်သတင်းမှန်တွေကို ပြည်သူတွေထံ
ကြိုးစားပြီး တင်ဆက်ခဲ့ကြပါတယ်။
အဲဒီလိုကြိုးစားခဲ့လို့လည်း တစ်ချို့ blogger ဆို အကျဉ်းချခံခဲ့ရဖူးပါတယ်။

ဒါပေမယ့် ဒီလိုပွင့်လင်းလာတဲ့ခေတ်အခါမှာ
ဒီအကြောင်းအရာကို ဘာကြောင့်ထပ်ပြောရတယ်ဆိုတာကို ရှင်းလင်းပြခဲ့ပါတယ်။
လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိလာတာဟုတ်တယ်ဆိုပေမယ့်
ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရှိတာလဲဆိုတာ မသိရပါဘူး။
ဖော်ထုတ်ခွင့်ရှိတာဟုတ်ပြီ
ဘယ်အတိုင်းအတာထိ ဖော်ထုတ်ခွင့်ရှိတာလဲ။
ဘယ်အတိုင်းအတာကို ကျော်သွားရင်ဖြင့် ပြစ်မှုမြောက်မှာလဲဆိုတာကို မသိရပါဘူး။
အဓိကက limit ကို မသိရတဲ့အတွက်
အရင်တုန်းကလောက်တောင် လွတ်လွတ်လပ်လပ် မဖော်ထုတ်ရဲသလိုဖြစ်ရတယ်လို့
Blogger တစ်ယောက်က ပြောသွားပါတယ်။
နောက်ပြီး ဒီ Freedom of Expression နဲ့ပတ်သက်ပြီး
အီလက်ထရောနစ်ဥပဒေတွေ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့
အခြားသောဥပဒေတွေကိုပါ အနည်းအကျဉ်းဆွေးနွေးသွားပါသေးတယ်။
ဥပဒေကြောင်းတွေက ကျွန်တော်နဲ့သိပ်မရင်းနှီးတဲ့အတွက်
မဖြီးလိုတော့ပါဘူး။

လွတ်လပ်စွာဖော်ထုတ်ခွင့်လို့ပြောလာပြီဆိုတာနဲ့
တစ်ခါတည်း တွဲပါလာတာက Accountability ဆိုတဲ့ တာဝန်ယူမှုပါ။
လွတ်လပ်စွာဖော်ထုတ်မှာတော့ ဟုတ်ပါပြီ၊
မင်းဘက်က ဘယ်လောက်ထိ တာဝန်ယူနိုင်လဲဆိုတာက စလာပါပြီ။
ပြီးတော့…….လွတ်လပ်စွာဖော်ထုတ်တယ်ဆိုပြီး
သူတစ်ပါးကို ပုဂ္ဂိုလ်ရေးအရ နှောင့်ယှက်လို့၊ ဒုက္ခပေးလို့ မရပါဘူး။

နောက်တစ်ခုကတော့ ID တွေ အတုလုပ်ပြီး
လွတ်လပ်စွာဖော်ထုတ်တဲ့ကိစ္စပါ။
စစ်အစိုးရလက်ထက်တုန်းကလည်း blogger တွေ ID အတုလုပ်ပြီး
လွတ်လပ်စွာဖော်ထုတ်ခဲ့ကြပါတယ်။
ဒါကလည်းသိတဲ့အတိုင်း မိသွားရင် သံတိုင်နောက်မှာ ဝင်အောင်းရမှာမို့ပါ။
ဒီလို ID ဝှက်ပြီး သတင်းအမှန်တွေကို blog တွေကတစ်ဆင့်
ဖော်ထုတ်တာဟာ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ပါ။

အခုနောက်ပိုင်းတော့ Facebook မှာရော၊ Blogတွေမှာပါ
Account အတု၊ ID အတုသုံးပြီးတော့
Freedom of Expression ကို တလွဲအသုံးပြုလာတာတွေ များလာပါတယ်။
Account အတုတွေသုံးပြီး
သတင်းအမှားတွေကို စည်းမရှိကမ်းမရှိရေးပြီး
ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာတွေ၊
လူမျိုးရေးသွေးထိုးတာတွေ၊
နိုင်ငံရေးရှုပ်ထွေးအောင်လုပ်လာတာတွေကို တွေ့နေရပါတယ်တဲ့။
(ဒီလို online ကစလာတဲ့ အရှုပ်တော်ပုံတွေကို
အားလုံးလည်း သိကြပြီးသားဖြစ်မှာမို့ ဥပမာမပေးလိုတော့ပါဘူး။)
ဒီ ID အတုသုံးပြီးရေးတဲ့သူတွေမှာ ဘာတာဝန်ခံမှုမှမရှိပါဘူး။
အဲ…. တာဝန်မခံနိုင်လို့သာ ဒီလိုပုန်းလျှိုးကွယ်လျှိုး ရေးတာပေါ့နော်။
ဒါကြောင့် ဒီလို source တွေကရတဲ့ သတင်းတွေဟာ ယုံရခက်ခက်ပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ ရွှေမြန်မာတွေကတော့ ယုံလို့ကောင်းနေတုန်းပါ။

ဒီနေရာမှာ ပြောထားတာက
တချို့ Blogger တွေလည်း ကလောင်နာမည်အနေနဲ့
အမည်လွှဲ Account နာမည်တွေယူကြပေမယ့်
ရုပ်လုံးပြပြီး ပေါ်ပေါ်ထင်ထင်ရေးလေ့ရှိပါတယ်။
(စာရေးဆရာတွေလိုပေါ့နော်….. )

နိဂုံးချုပ်အနေနဲ့ ပြောရရင်
ဒီ post လေးရဲ့အဓိက အကြောင်းအရာကတော့
လွတ်လပ်စွာ စည်းကမ်းရှိရှိဖော်ထုတ်ခွင့်ဆိုတာလေးပါ။
မည်ရွေ့မည်မျှလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိကြောင်း သိရဖို့နဲ့
ကိုယ့်ဘက်က ပြည့်ပြည့်ဝဝတာဝန်ယူမှုရှိကြစေဖို့လည်း ရည်ရွယ်ပါတယ်။
ပြီးတော့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို တလွဲမသုံးကြဖို့နဲ့
တတ်နိုင်ရင် ID အတုမသုံးကြဖို့လည်း အကြံပြုသွားပါတယ်။

(မှတ်ချက် - ဒီ post လေးမှာရေးထားတဲ့အကြောင်းအရာတွေက အပေါ်မှာဆိုထားခဲ့သလို
Myanmar Bloggers Forum တုန်းက မှတ်သားခဲ့ရတာလေးတွေကို ရေးသားထားတာပါ။
ဒီ post လေးကိုဖတ်ပြီး အကျိုးရှိတယ်ဆိုပါက
Forum တုန်းက ဆွေးနွေးသွားကြတဲ့ Blogger အစ်ကိုတွေကိုသာ ကျေးဇူးတင်ကြပါ။
အကယ်၍အမှားပါခဲ့ရင်တော့ ကျွန်တော့်အားသာ ဆဲခန်းဖွင့်ကြပါကုန်။)
Credits to : ကိုနေဘုန်းလတ်နှင့် အခြားဘလော့ဂ်ဂါသုံးဦး

(နာမည်များမမှတ်မိသည့်အတွက် ခွင့်လွှတ်ကြပါ။)

Saturday, October 05, 2013

Myanmar Bloggers Forum မှ စပ်စုခဲ့ရသမျှ (အပိုင်း-၁)

အားလုံးလည်းသိကြတဲ့အတိုင်း
ကျွန်တော့်ရဲ့ စပ်စုတတ်တဲ့သမိုင်းပေးတာဝန်အရ
စာမေးပွဲမတိုင်ခင်တစ်ပတ်အလိုလောက်မှာ
Myanmar Bloggers Forum ကို ရောက်သွားပါသေးတယ်။
ကျွန်တော်ကိုယ်တိုင်က Blogger တစ်ယောက်မဟုတ်ပေမယ့်
Blog တွေကို စိတ်ဝင်စားတာရယ်၊
ကိုယ်သိပ်လေးစားရတဲ့ Blogger တွေလည်း
လာမယ်ဆိုတဲ့အတွက် သွားဖြစ်ခဲ့တာပါ။
အခု Forum တုန်းက သိမှတ်ခဲ့ရတာလေးတွေကို ပြန်လည်မျှဝေပါရစေခင်ဗျာ။
အပိုင်းအပိုင်းလေးတွေခွဲပြီးတော့ post တင်သွားပါရစေနော်…

Blogs as Content provider in Myanmar

ဒါက Myanmar Internet Freedom Forum တုန်းက
ဘလော့ဂ်အကြောင်းပြောခဲ့တာလေးနဲ့ ဆက်စပ်လို့ပါ။
ကျွန်တော်လည်း အစတုန်းက Content ဆိုတဲ့ အသုံးအနှုန်းကို နားမရှင်းခဲ့ပါဘူး။
ဘာလဲ Content provider။
ရှင်းပြပေးတော့မှသိခဲ့ရတာက Content ဆိုတာက နယ်ပယ်တစ်ခုအတွက်၊
ဘာသာရပ်တစ်ခုနဲ့ ရေးသားထားတဲ့ online ပေါ်က ဖတ်စရာအကြောင်းအရာတွေပါ။
ရှင်းရှင်းပြောရရင် online ပေါ်က ဖတ်စာပါ။
ပြောလိုရင်းက မြန်မာဘာသာနဲ့ရေးထားတဲ့ content တွေ ရှားပါးနေမှုပါ။
ဒီနေရာမှာ အစ်ကိုတစ်ယောက်ခိုင်းနှိုင်းပြသွားတာလေးကို သဘောကျမိပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ အဲလိဇဘက်ဘုရင်မကြီးအကြောင်းကို
online မှာ အင်္ဂလိပ်လိုရှာတဲ့အခါ
ဖတ်စရာစာတွေ၊ Content တွေက တစ်ပုံတစ်ပင်ပါ။
ဒါပေမယ့် ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို
မြန်မာလိုရှာရင်တောင်မှ ဖတ်စရာ content က အဲလောက်မများသေးပါဘူး။
ဒါတောင် တခြားအကြောင်းအရာနဲ့ ပတ်သက်တဲ့မြန်မာ content တွေကို မပြောသေးပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျွန်တော်တို့သူငယ်ချင်းတွေလည်း
Electronic နဲ့ပတ်သက်တဲ့ basic components တွေ
လေ့လာမယ်ဆိုပြီးတော့ online မှာတက်ရှာခဲ့ကြပါတယ်။
အားရပါးရရိုက်ရှာလိုက်တာ “ရီစ္စတာ” လို့။
ထွက်လာတာက ဆိုင်တာတွေရော၊ မဆိုင်တာတွေရောဗျ။
Google Search Engineတော့ နာမည်ပျက်ကိန်းပါ။
Content မရှိတော့ သူ့ခမျာလည်း ဘာမှမတတ်နိုင်ရှာဘူး။
ကျွန်တော်တို့ အားငယ်မှာစိုးလို့ထင်ပ၊ မဆိုင်တာတွေပါ ဖောဖောသီသီလာပြပါတယ်။
အဲဒီ့ထဲက ရီစ္စတာနဲ့ပတ်သက်လို့ တကယ်ရေးထားတာက သုံးလေးခုသာသာလောက်ပါ။
ရေးထားတာတွေအကုန်လုံးလိုလိုက blog တွေကပါ။
ဒါတောင် မစုံပါဘူး။
Blog မှာရေးပေးထားတဲ့သူကိုတော့ အတော်ကျေးဇူးတင်စရာကောင်းပါတယ်။
အဲ…..အင်္ဂလိပ်လိုရှာလိုက်ရင်တော့ Contents တွေက ရိုက်သတ်လို့မကုန်ပါဘူး။
ဆိုလိုတာက Electronics နည်းပညာရပ်မှာလည်း မြန်မာလို content ရှားပါးနေတုန်းပါလို့။
(အရင်တုန်းကပေါ့လေ၊ အခုတော့ မပြောတတ်ပါဘူး။ ကိုယ်တိုင်သာ ရှာကြည့်ပါတော့။)

အကြောင်းအရာတစ်ခုသိဖို့အတွက် English လိုတတ်ရမယ်ဆိုတာကို လက်ခံပါတယ်။
ဒါပေမယ့်  Internet သုံးနေတဲ့မြန်မာလူမျိုးတိုင်းတော့
English လုံးဝတတ်မှ သိလိုတဲ့အရာကို သိရမယ်ဆိုတာတော့ အဆင်မပြေပါဘူး။
လူဆိုတာမျိုးက ကိုယ်နဲ့နီးစပ်ရာကိုသာ စိတ်ဝင်စားလေ့ရှိပါတယ်။
လယ်သမားက လယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ content တွေကိုပဲ သိချင်ပါလိမ့်မယ်။
ကျွန်တော်တို့ ကျောင်းသားတွေလည်း ကိုယ့်မေဂျာနဲ့သက်ဆိုင်တဲ့
Content တွေကိုပဲ သိလိုပါလိမ့်မယ်။
ဒီလို ကိုယ်နဲ့သက်ဆိုင်တဲ့ ဖတ်စရာcontent တွေ မရှိရင်တော့
ကိုယ်အလွယ်ရရာစိတ်ဝင်စားတဲ့ဘက်ကိုပဲ ကူးသွားပါလိမ့်မယ်။
Facebook ပေါ်မှာပဲ အချိန်ဖြုန်းရင်ဖြုန်း၊ ဒါမှမဟုတ် Chatting ဘက်ကို အားရောက်ရင်ရောက်သွားမှာပါ။
ဒီလိုပဲ ကိုးတန်းကျောင်းသားလေးတစ်ယောက်အဖို့
Online မှာ ကျောင်းစာနဲ့ပတ်သက်လို့ သူ့အတွက် ဖတ်စရာမြန်မာ Content  တွေမရှိရင်တော့
သူလည်း online က  မဟုတ်ကဟုတ်ကvideoကြည့်တဲ့ လမ်းကြောင်းထဲရောက်သွားမှာပါပဲ။
ဒါဟာ အဆန်းမဟုတ်ပေမယ့်
Internet ကိုပါ ဒီလိုမဟုတ်ကဟုတ်ကပဲ ကြည့်လို့ရတဲ့နေရာပဲလို့မြင်သွားရင်
သူ့အတွက်တော့ တကယ့်ကို နှမြောစရာပါ။

အင်း…ဒီလို ရေလိုက်လွဲတယ်ဆိုတာကလည်း ရေလိုက်ကောင်းတဲ့ဟာတွေ မရှိလို့ပါ။
ကဲ… ဒါကို အသာထားပါ။
နောက်ထပ် electronics ပညာရပ်အတွက် လိုအပ်ချက်တစ်ခုလို့မြင်မိတာကိုပြောချင်တာက
ဒီcontent ရှားပါးမှုပါပဲ။
အခုလတ်တလော မြန်မာနိုင်ငံမှာ
IT နဲ့ပတ်သက်လို့ content တွေ အတော်လေးပေါများလာပေမယ့်
EC နဲ့ပတ်သက်လို့ကတော့ အရင်လိုရှားပါးနေဆဲပါ။
ဒါကြောင့် အီလက်ထရောနစ်ပညာရှင်တွေ၊ ကျောင်းသူကျောင်းသားတွေကိုလည်း
အီလက်ထရောနစ်ပညာရပ်နဲ့ပတ်သက်လို့
online ပေါ်မှာ မြန်မာလိုရေးသားပေးကြပါဦးလို့ ဒီနေရာကနေတောင်းဆိုပါတယ်။
ဒီလိုရေးသားရာမှာလည်း blog တွေက အကောင်းဆုံးနဲ့ ငွေကြေးတစ်ပြားတစ်ချပ်မှမကုန်တဲ့
ရေးစရာနေရာတွေပါပဲ။
ဒါကြောင့် blog တွေကို Myanmar content provider တွေအနေနဲ့
အရေးတယူပြောနေရတာပါ။
နိဂုံးအနေနဲ့ မြန်မာ content တွေ online မှာပေါများလာအောင်
Blog လေးတွေ ဝိုင်းဝန်းရေသားကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ….

ဒီ post လေးကတော့
Myanmar Internet Freedom Forum မှ ပြောခဲ့သမျှနှင့် Myanmar Bloggers Forum မှ သိမှတ်ခဲ့သည်များကို
ပြန်ပြီးတော့ မှတ်မိသလောက်လေး ဖောက်သည်ချထားတာပါ။
တစ်ခုခုအလွဲအမှားရှိခဲ့ရင် ကျွန်တော့်အပြစ်၊ ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။

မြန်မာနှင့် Online Learning

Online Learing အကြောင်းကိုတော့
အားလုံးပဲ ရိပ်စားမိကြမှာပါ။
အခုပြောချင်တာကတော့ online learning နဲ့ပတ်သက်ပြီး
ကျွန်တော်တို့တွေ မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေပါ။
ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေလည်း ပါပါတယ်။

edX  ဆိုတဲ့ Online Learnig Platform ကို စံနမူနာထားပြီးတော့ ပြောချင်ပါတယ်။
Challenges for Myanmar Online Learners
1.    Internet Connection နှေးကွေးမှု။
2.    Insufficient proficiency of English။
3.    သင်ယူရတဲ့သင်ခန်းစာတွေက တအားခက်နေခြင်းပါ။
4.    အချိန်အလုံအလောက် မပေးနိုင်တာ။
5.    သင်ကြားမှုပုံစံနဲ့ အံဝင်ခွင်ကျမဖြစ်တာ။
6.    ဇွဲမရှိတာ တစ်နည်း loss of motivation
7.    သင်ယူရမယ့် Course အတွက် Resource အလုံအလောက်မရှိတာ။

အသေးစိတ်လေးပြောရရင်…
1.    Internet Connection နှေးကွေးမှု။ ( ဒါကတော့…….. အတော်များများ ညည်းကြတဲ့ကိစ္စပါ။ တချို့ online course တွေက Site ကိုက လေးသလို။ များသောအားဖြင့် Video Tutorial တွေပါတတ်တဲ့အတွက် ဒီက Connection နဲ့ကြည့်ဖို့ သိပ်အဆင်မပြေလှပါဘူး။ စာခက်လို့ဆိုတာထက် Connection မကောင်းလို့ လမ်းတစ်ဝက်မှာ ဆက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်ကြတာများပါတယ်။ ကျွန်တော်အပါအဝင်ပေါ့လေ။ ဒါပေမယ့် ဒီပြဿနာကလည်း ကြံဖန်လုပ်ရင်တော့ ပြေလည်နိုင်ပါသေးတယ်။)
2.    Insufficient proficiency of English။ ( ဒါကလည်း ပြဿနာတစ်ခုပါပဲ။ English လိုသင်တာဆိုတော့ Englishစာကို အထိုက်အလျောက်သိဖို့တော့ လိုပါတယ်။ English စာကလည်း အတော်တိုင်ပတ်စေပါတယ်။ ဒါပေမယ့် အရမ်းကြီးလည်း ကြောက်စရာမလိုပါဘူး။ များသောအားဖြင့် Simple English ကို သုံးပေးကြပြီး၊ Video က အသံထွက်ကို မဖမ်းမိရင်တောင်မှ Caption တွေကတော့ ပြောနေတဲ့စကားကို ဖတ်လို့ရပါသေးတယ်။ ပြီးတော့ မိမိရဲ့ ဘာသာစကားနဲ့ပြန်ဆိုထားတာရှိရင် ရှာဖတ်လို့ရပါတယ်။ ဝမ်းနည်းစရာက မြန်မာလိုတော့ မရှိပါဘူး။ အဲ Reading, Listening နဲ့ Writing ကို အသင့်အတင့်လောက်ရှိရင် အဆင်ပြေနိုင်လောက်ပါတယ်။)
3.    နောက်တစ်ခုက သင်ယူရတဲ့သင်ခန်းစာတွေက တအားခက်နေခြင်းပါ။ ( တချို့Course တွေက Prerequisite ဆိုပြီးတော့ ဒီ course ကိုတက်ရောက်ဖို့အတွက် လိုအပ်တဲ့ Background Knowledge တွေကို ပြောပြထားပါတယ်။ အဲဒါလေးတွေ ဖြည့်ဆည်းထားမှ သူတို့သင်တဲ့ သင်ခန်းစာတွေကို လိုက်လို့ အဆင်ပြေမှာပါ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ကတော့ Course စီစဉ်သူအများစုက ပြင်ထားပြီးသားပါ။ Discussion Forum တို့ စသည်ဖြင့်ပေါ့။ မသိတာမေးလို့ ရအောင်လေ။)
4.    အချိန်အလုံအလောက်မပေးနိုင်တာ။ ( ဒါကတော့ သင်ယူမယ့် သူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ မိမိဘာသာမိမိ Time Management လုပ်ပြီးတော့ သင်ယူမှ အဆင်ပြေမှာပါ။ edX မှာတော့ အချိန်ကို Fixed ထားပြီး လေ့လာစရာမလိုသလို Video Lecture တွေကိုလည်း Live ကြည့်စရာမလိုပါဘူး။)
5.    သင်ကြားမှုပုံစံနဲ့ အံဝင်ခွင်ကျမဖြစ်တာ။ ( အင်း…..ဒါကတော့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ပေါ်မှာပဲ အခြေတည်ပါလိမ့်မယ်။ ဟိုက Course တွေက Assignment တွေ၊ Quizz တွေ စသည်ဖြင့် သူတို့ပုံစံနဲ့ သူတို့သင်တာဆိုတော့ ဒီက ကျွန်တော်တို့လို ကျောင်းသားတွေအတွက် စစချင်းတော့ အကျွမ်းတဝင်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကတော့ လုပ်ရင်းလုပ်ရင်းနဲ့ အဆင်ပြေသွားမှာပါ။ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်။)
6.    ဇွဲမရှိတာ or Loss of motivation ။ ( ဒီ ပြဿနာနဲ့ပတ်သက်ပြီး အစ်ကိုတစ်ယောက်ဖြေသွားတာကို ကြိုက်ပါတယ်။ ဒီ့အတွက်တော့ အဖြေမရှိပါဘူးတဲ့။ ဟုတ်ပါတယ်။ ဒါက ကာယကံရှင်အပေါ်မှာ လုံးဝမူတည်နေပါတယ်။ တခြားတခြားပြဿနာတွေက ဇွဲရှိမယ်။ စိတ်အားတက်ကြွမှုရှိမယ်ဆိုရင် ဖြေရှင်းနိုင်ပါသေးတယ်။ အဲ…. ဇွဲပါမရှိရင်တော့ Course တစ်ခုပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်အားလျော့မယ်ဆိုလည်း လျော့တော့လျော့စရာပါ။ Myanmar နိုင်ငံက Online Learner တစ်ယောက်ကြုံတွေ့ရတဲ့ အခက်အခဲတွေက တခြားသောနိုင်ငံက Online Learner တွေထက် ပိုများလို့ပါ။
7.    သင်ယူရမယ့် Course အတွက် Resource အလုံအလောက်မရှိတာ။ ( ဒါကတော့…. အတော့်ကို ခံပြင်းဖို့ကောင်းပါတယ်။ လက်ဝှေ့ထိုးပါမယ်ဆိုခါမှ လက်မရှိသလိုပေါ့။ Programming သင်ချင်ပါတယ်၊ တတ်ချင်ပါတယ်ဆိုမှ Computer တစ်လုံးတောင် မရှိတဲ့ အဖြစ်မျိုးပဲ။ တချို့ Course တွေက မိမိမှာ ဘယ်လို OS သုံးထားတဲ့ Computer တစ်လုံးရှိဖို့လိုပါတယ် စသည်ဖြင့် လိုအပ်တဲ့ Resource တွေကို တောင်းဆိုထားပါတယ်။ များသောအားဖြင့် Computer Science နဲ့ Programming Course တွေပါ။ အဲဒါမှ သူတို့ပေးတဲ့ Assignment တွေကို လက်တွေ့လုပ်နိုင်မှာပါ။ တခြားနိုင်ငံက သူတွေအတွက်တော့ အဆင်မပြေနိုင်စရာမရှိပေမယ့် ကျွန်တော်တို့ရွှေမြန်မာတွေအတွက်တော့ အခက်အခဲတစ်ခုပါပဲ။ နောက်တစ်ခုက Internet သုံးစွဲနိုင်မှုပါ။ Online learning မှာ တစ်ချို့ဟာတွေက offline လုပ်လို့ရပြီး တစ်ချို့ဟာတွေကိုတော့ online ကနေမှ လုပ်လို့ရပါတယ်။ အဲဒီတော့ Internet ဖိုးက သောက်သောက်လဲကုန်ဖို့ ရှိပါတယ်။ ဒါလည်း ကျွန်တော်တို့အတွက်တော့ အခက်အခဲကြီးပါပဲ။)

အခက်အခဲတွေကတော့ ဒီ့ထက်လည်းရှိနိုင်ပါသေးတယ်။
ဒီလိုအခက်အခဲတွေရှိတယ်ဆိုပြီးတော့လည်း တွန့်ဆုတ်စရာမလိုပါဘူး။
အခက်အခဲသိမှ ဘာတွေလိုအပ်နေတယ်ဆိုတာသိမှာပါ။
ဘာလိုနေလဲသိမှ လိုလျှင်ကြံဆပြီး တိကျတဲ့နည်းလမ်းကို ရနိုင်မှာပါ။
ဒီ post ကတော့ ကျွန်တော်ဥာဏ်မှီသလောက်ရယ်၊ အခြားသောကိုးကားထားတာလေးတွေကို ပေါင်းစပ်ထားတာပါ။
လွဲနေတာလေးတွေရှိက ကျွန်တော့်အပြစ်ပါ။
အားလုံးအတွက် အကျိုးရှိနိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။


Credits to : ကိုသော်တာ (A speaker about Online Learning @ Barcamp TU Thanlyin 2013)

Online Learning for us

ဒီတစ်ခေါက်တော့ online learning ကို အဓိကထား ပြောချင်ပါတယ်။
ကျွန်တော်တို့လက်ရှိတိုင်းပြည်ရဲ့ ပညာရေးကိုတော့
အားလုံးအသိပဲထင်ပါတယ်။
ကျွန်တော်တို့မှာ ကိုယ်လိုချင်တဲ့ပညာရပ်ကို
မနည်းအသည်းအသန် လျှောက်ရှာနေရတာပါ။
ကျောင်းမှာ ရှာလို့မပြီးတော့ သင်တန်းမှာထပ်ရှာ
ပြီးတော့ အလုပ်ခွင်မှာထပ်ရှာ။
ပုံစံအမျိုးမျိုးနဲ့ရှာနေရတာပါ။
ဘယ်လိုပဲရှာရှာ။
ကိုယ်လိုချင်တာမှန်ရင်တော့ အပင်ပန်းခံပြီးတော့ ပညာရှာမှီးရမှာပေါ့လေ။

ဒီနေရာမှာ ကျွန်တော်တို့တွေအတွက်
ပညာရှာမှီးနိုင်မယ့် အခြားသော option သို့ resource အနေနဲ့
Online learning ကို အကြမ်းဖျင်းလေးတင်ပြချင်ပါတယ်။
အခု internet ပေါ်မှာ course တွေကို free သင်ပေးတဲ့ site တွေကလည်း
အတော်လေးကိုများလာပါပြီ။
တချို့ site တွေဆိုရင် တကယ့် ဒိတ်ဒိတ်ကြဲ ကျောင်းတွေက စီစဉ်ထားတာပါ။
ဥပမာ။ ။ MIT က လုပ်တဲ့ Open Courseware တို့၊
Harvard နဲ့ တခြားသော ကျောင်းတွေ ပူးပေါင်းဖွင့်လှစ်တဲ့ Edx တို့တွေဟာ
တကယ့် Online Learning Platform တစ်ခုဖြစ်လာအောင်ကြိုးစားနေကြတဲ့ ပြယုဂ်တွေပါ။

ကျွန်တော်တို့ ရွှေမြန်မာတွေအနေနဲ့
နိုင်ငံခြားသွား ကျောင်းတက်ဖို့ဆိုတာက အင်မတန့် အင်မတန် ခက်ခဲလွန်းလှပါတယ်။
ဒါပေမယ့် ဒီ Online Learning Course တွေကတော့
ကျွန်တော်တို့ရဲ့ အိပ်မက်ကို တစ်စိတ်တစ်ပိုင်းဖြည့်ဆည်းပေးနေတာပါပဲ။
ဒီလို ရွှေတွင်းထက် အကျိုးကြီးမားလှတဲ့ ဒီ Online Learning ကို
သိလျှင်ဖော်စားနိုင်ကြစေဖို့ရာ
ဒီ post လေးနှင့် သိသလောက်လေး အသိပေးလိုက်ရပါတယ်။

Friday, October 04, 2013

မြဝတီိသို့ Field ဆင်းခြင်း (အပိုင်း-၂)

ကျွန်တော်တို့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ
မြဝတီဝင်းထဲကို ဒုတိယမ္ပိ ခြေဦးလှည့်ခဲ့ကြပါတယ်။
အဲဒီနေ့က သတင်းအခန်း၊ Master Control Room နဲ့
Sever အခန်းတွေထဲကို ဝင်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။
အဲ စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဒီကနေ ပြန်share ဖို့က
စက်ရဲ့ပုံပန်းသဏ္ဏာန်ကို မျက်စိနဲ့ကိုယ်တွေ့မြင်မှ အဆင်ပြေမှာမို့
ထည့်မရေးတော့ပါ။
(ပြီး…. ကျွန်တော်တို့လည်း အလွတ်မရပါ။)

ကျွန်တော်တို့ကို Broadcasting နည်းပညာအချို့ရဲ့သဘောတရားတွေနဲ့
စက်ပစ္စည်းတွေ အကြမ်းဖျင်းအလုပ်လုပ်ပုံလောက်ကို ပြောပြခဲ့ပါတယ်။
အဲ…..ဗိုလ်ကြီးကိုအောင်စည်သူပြောခဲ့သမျှထဲက
အရေးကြီးမယ်ထင်တာကို ကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။
ပထမတစ်ခုက Synchronize ဖြစ်ဖို့ပါ။
ဆိုလိုတာက ရုပ်သံထုတ်လွှင့်တဲ့ ကုမ္ပဏီဖြစ်တာကြောင့်
အချိန်နဲ့ တပြေးညီ အလုပ်လုပ်နေဖို့လိုပါတယ်။
ပြီးတော့ စက်ကိရိယာတွေကိုလည်း
ဘယ်အချိန်၊ ဘယ်အချိန်မှာ ဘယ်program တက်ဆိုပြီး
Manual မဟုတ်ဘဲ Automated လုပ်ထားတာကြောင့်
စက်တစ်လုံးနဲ့တစ်လုံးဟာ သတ်မှတ်ထားတဲ့ အချိန်တူညီဖို့လိုပါတယ်။
နို့မို့ဆို အချိန်တွေလွဲနေရင် program တွေလွဲကုန်ပြီး
ကျွန်တော်တို့ korea ကားကြည့်မယ့်အချိန်ကို
ဘုန်းကြီးတရားလာပြနေမှဖြင့်
ရောယောင်ပြီး သာဓုတွေခေါ်နေရပါဦးမယ်။
(ဟီး……ကိစ္စမရှိပါဘူး။ MRTV 4 က ညခုနစ်နာရီဆို Korea ကား နှစ်ကားတောင်ပြတာပဲဟာ…)
ဒါကြောင့် စက်ရုံမှာရှိတဲ့ စက်မှန်သမျှ စက်လုံးစက်ပြားမကျန်အကုန်လုံးကို
Sync Master နဲ့ Master Clock ဆိုတဲ့ device တွေနဲ့
မြဝတီစံတော်ချိန်အား pico second မှမလွဲအောင် ပေးသွင်းထားပါတယ်။
(မှတ်ချက်….. မောင်အောင်သိန်းတစ်ယောက် နာရီတိုက်လာပါတယ်။ မြဝတီစံတော်ချိန်အားသိလိုပါက
အနှီအောင်သိန်းအား မေးကြပါကုန်။)

ဒုတိယအနေနဲ့ မှတ်သားရတာက
Backup ထားဖို့ပါ။
ဒါကတော့ ကျွန်တော်ပြောစရာတောင်လိုမယ် မထင်ပါ။
Engineer အထူးသဖြင့် IT သမားတွေဆိုတာ
ရည်းစားတောင်မှ Backup ထားကြတာလို့ မှတ်သားဖူးပါတယ်။
ဟဲဟဲ… Main နဲ့အဆင်မပြေရင်
တစ်ခါတည်း Backup နဲ့ အစားထိုးလို့ရတာပေါ့နော်။
(ဟီး…. အဲဒါ Engineer ပီသတာ…)
နောက်တစ်ခုထပ်ပြောလိုက်တာက ကျွန်တော်တို့ EC ကျောင်းသားကျောင်းသူတွေလည်း
Computer နဲ့ပတ်သက်ပြီး သိထားရမယ်ဆိုတာပါ။
Professional ကျကျမဟုတ်ရင်တောင်မှ
အလုပ်ခွင်ဝင်ရင် အဆင်ပြေရုံလောက် တတ်သိနားလည်ထားရင်
ပိုကောင်းပါတယ်တဲ့။
Computer ရဲ့ဘယ်လိုအပိုင်းတွေလေ့လာရမယ်ဆိုတာကိုတော့
သေချာမပြောလိုက်ပါဘူး။
အဲ….. မြဝတီမှာဆိုရင်တော့
စက်ပစ္စည်းတွေဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်လုပ်ကိုင်ရတာဖြစ်တော့
Network ဆိုတာကြီးက ပါလာပါပြီ။
ဒီလို Enterprise level နီးပါးလောက်ရှိတဲ့ စက်ရုံတစ်ရုံဖြစ်တဲ့အတွက်
Network ဆိုတာနဲ့ Sever တွေ၊ Server မှာသုံးမယ့် OS တွေစသည်ဖြင့် ပါလာပြီပေါ့နော်။
ဒါတွေကို basic လေးလောက်သိထားမယ်ဆိုရင်
အကောင်းဆုံးဖြစ်ကြောင်း ပြောသွားပါတယ်။
ကျွန်တော်ကတော့ Computer basic အပြင် Engineer ဖြစ်တဲ့အတွက်
hardware ၊ network အပိုင်း basic ကိုပါဆိုလိုချင်တာလို့
မှတ်ယူမိပါတယ်။

အခုလို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

Myanmar Bloggers Forum မှ စပ်စုခဲ့ရသမျှ (အပိုင်း-၁)

အားလုံးလည်းသိကြတဲ့အတိုင်း
ကျွန်တော့်ရဲ့ စပ်စုချင်တဲ့သမိုင်းပေးတာဝန်အရ
စာမေးပွဲမတိုင်ခင်တစ်ပတ်အလိုလောက်မှာ
Myanmar Bloggers Forum ကို ရောက်သွားပါသေးတယ်။
ကျွန်တော်ကိုယ်တိုင်က Blogger တစ်ယောက်မဟုတ်ပေမယ့်
Blog တွေကို စိတ်ဝင်စားတာရယ်၊
ကိုယ်သိပ်လေးစားရတဲ့ Blogger တွေလည်း
လာမယ်ဆိုတဲ့အတွက် သွားဖြစ်ခဲ့တာပါ။
အခု Forum တုန်းက သိမှတ်ခဲ့ရတာလေးတွေကို ပြန်လည်မျှဝေပါရစေခင်ဗျာ။
အပိုင်းအပိုင်းလေးတွေခွဲပြီးတော့ post တင်သွားပါရစေနော်…

Blogs as Content provider in Myanmar

ဒါက Myanmar Internet Freedom Forum တုန်းက
ဘလော့ဂ်အကြောင်းပြောခဲ့တာလေးနဲ့ ဆက်စပ်လို့ပါ။
ကျွန်တော်လည်း အစတုန်းက Content ဆိုတဲ့ အသုံးအနှုန်းကို နားမရှင်းခဲ့ပါဘူး။
ဘာလဲ Content provider။
ရှင်းပြပေးတော့မှသိခဲ့ရတာက Content ဆိုတာက နယ်ပယ်တစ်ခုအတွက်၊
ဘာသာရပ်တစ်ခုနဲ့ ရေးသားထားတဲ့ online ပေါ်က ဖတ်စရာအကြောင်းအရာတွေပါ။
ရှင်းရှင်းပြောရရင် online ပေါ်က ဖတ်စာပါ။
ပြောလိုရင်းက မြန်မာဘာသာနဲ့ရေးထားတဲ့ content တွေ ရှားပါးနေမှုပါ။
ဒီနေရာမှာ အစ်ကိုတစ်ယောက်ခိုင်းနှိုင်းပြသွားတာလေးကို သဘောကျမိပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ အဲလိဇဘက်ဘုရင်မကြီးအကြောင်းကို
online မှာ အင်္ဂလိပ်လိုရှာတဲ့အခါ
ဖတ်စရာစာတွေ၊ Content တွေက တစ်ပုံတစ်ပင်ပါ။
ဒါပေမယ့် ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို
မြန်မာလိုရှာရင်တောင်မှ ဖတ်စရာ content က အဲလောက်မများသေးပါဘူး။
ဒါတောင် တခြားအကြောင်းအရာနဲ့ ပတ်သက်တဲ့မြန်မာ content တွေကို မပြောသေးပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျွန်တော်တို့သူငယ်ချင်းတွေလည်း
Electronic နဲ့ပတ်သက်တဲ့ basic components တွေ
လေ့လာမယ်ဆိုပြီးတော့ online မှာတက်ရှာခဲ့ကြပါတယ်။
အားရပါးရရိုက်ရှာလိုက်တာ “ရီစ္စတာ” လို့။
ထွက်လာတာက ဆိုင်တာတွေရော၊ မဆိုင်တာတွေရောဗျ။
Google Search Engineတော့ နာမည်ပျက်ကိန်းပါ။
Content မရှိတော့ သူ့ခမျာလည်း ဘာမှမတတ်နိုင်ရှာဘူး။
ကျွန်တော်တို့ အားငယ်မှာစိုးလို့ထင်ပ၊ မဆိုင်တာတွေပါ ဖောဖောသီသီလာပြပါတယ်။
အဲဒီ့ထဲက ရီစ္စတာနဲ့ပတ်သက်လို့ တကယ်ရေးထားတာက သုံးလေးခုသာသာလောက်ပါ။
ရေးထားတာတွေအကုန်လုံးလိုလိုက blog တွေကပါ။
ဒါတောင် မစုံပါဘူး။
Blog မှာရေးပေးထားတဲ့သူကိုတော့ အတော်ကျေးဇူးတင်စရာကောင်းပါတယ်။
အဲ…..အင်္ဂလိပ်လိုရှာလိုက်ရင်တော့ Contents တွေက ရိုက်သတ်လို့မကုန်ပါဘူး။
ဆိုလိုတာက Electronics နည်းပညာရပ်မှာလည်း မြန်မာလို content ရှားပါးနေတုန်းပါလို့။
(အရင်တုန်းကပေါ့လေ၊ အခုတော့ မပြောတတ်ပါဘူး။ ကိုယ်တိုင်သာ ရှာကြည့်ပါတော့။)

အကြောင်းအရာတစ်ခုသိဖို့အတွက် English လိုတတ်ရမယ်ဆိုတာကို လက်ခံပါတယ်။
ဒါပေမယ့်  Internet သုံးနေတဲ့မြန်မာလူမျိုးတိုင်းတော့
English လုံးဝတတ်မှ သိလိုတဲ့အရာကို သိရမယ်ဆိုတာတော့ အဆင်မပြေပါဘူး။
လူဆိုတာမျိုးက ကိုယ်နဲ့နီးစပ်ရာကိုသာ စိတ်ဝင်စားလေ့ရှိပါတယ်။
လယ်သမားက လယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ content တွေကိုပဲ သိချင်ပါလိမ့်မယ်။
ကျွန်တော်တို့ ကျောင်းသားတွေလည်း ကိုယ့်မေဂျာနဲ့သက်ဆိုင်တဲ့
Content တွေကိုပဲ သိလိုပါလိမ့်မယ်။
ဒီလို ကိုယ်နဲ့သက်ဆိုင်တဲ့ ဖတ်စရာcontent တွေ မရှိရင်တော့
ကိုယ်အလွယ်ရရာစိတ်ဝင်စားတဲ့ဘက်ကိုပဲ ကူးသွားပါလိမ့်မယ်။
Facebook ပေါ်မှာပဲ အချိန်ဖြုန်းရင်ဖြုန်း၊ ဒါမှမဟုတ် Chatting ဘက်ကို အားရောက်ရင်ရောက်သွားမှာပါ။
ဒီလိုပဲ ကိုးတန်းကျောင်းသားလေးတစ်ယောက်အဖို့
Online မှာ ကျောင်းစာနဲ့ပတ်သက်လို့ သူ့အတွက် ဖတ်စရာမြန်မာ Content  တွေမရှိရင်တော့
သူလည်း online က  မဟုတ်ကဟုတ်ကvideoကြည့်တဲ့ လမ်းကြောင်းထဲရောက်သွားမှာပါပဲ။
ဒါဟာ အဆန်းမဟုတ်ပေမယ့်
Internet ကိုပါ ဒီလိုမဟုတ်ကဟုတ်ကပဲ ကြည့်လို့ရတဲ့နေရာပဲလို့မြင်သွားရင်
သူ့အတွက်တော့ တကယ့်ကို နှမြောစရာပါ။

အင်း…ဒီလို ရေလိုက်လွဲတယ်ဆိုတာကလည်း ရေလိုက်ကောင်းတဲ့ဟာတွေ မရှိလို့ပါ။
ကဲ… ဒါကို အသာထားပါ။
နောက်ထပ် electronics ပညာရပ်အတွက် လိုအပ်ချက်တစ်ခုလို့မြင်မိတာကိုပြောချင်တာက
ဒီcontent ရှားပါးမှုပါပဲ။
အခုလတ်တလော မြန်မာနိုင်ငံမှာ
IT နဲ့ပတ်သက်လို့ content တွေ အတော်လေးပေါများလာပေမယ့်
EC နဲ့ပတ်သက်လို့ကတော့ အရင်လိုရှားပါးနေဆဲပါ။
ဒါကြောင့် အီလက်ထရောနစ်ပညာရှင်တွေ၊ ကျောင်းသူကျောင်းသားတွေကိုလည်း
အီလက်ထရောနစ်ပညာရပ်နဲ့ပတ်သက်လို့
online ပေါ်မှာ မြန်မာလိုရေးသားပေးကြပါဦးလို့ ဒီနေရာကနေတောင်းဆိုပါတယ်။
ဒီလိုရေးသားရာမှာလည်း blog တွေက အကောင်းဆုံးနဲ့ ငွေကြေးတစ်ပြားတစ်ချပ်မှမကုန်တဲ့
ရေးစရာနေရာတွေပါပဲ။
ဒါကြောင့် blog တွေကို Myanmar content provider တွေအနေနဲ့
အရေးတယူပြောနေရတာပါ။
နိဂုံးအနေနဲ့ မြန်မာ content တွေ online မှာပေါများလာအောင်
Blog လေးတွေ ဝိုင်းဝန်းရေသားကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ….

ဒီ post လေးကတော့
Myanmar Internet Freedom Forum မှ ပြောခဲ့သမျှနှင့် Myanmar Bloggers Forum မှ သိမှတ်ခဲ့သည်များကို
ပြန်ပြီးတော့ မှတ်မိသလောက်လေး ဖောက်သည်ချထားတာပါ။

တစ်ခုခုအလွဲအမှားရှိခဲ့ရင် ကျွန်တော့်အပြစ်၊ ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။