Freedom
of Expression
ဒါလေးကတော့
အခုနောက်ပိုင်း သတင်းမီဒီယာတွေရော၊
ဘလော့ဂ်ဂါတော်တော်များများပါ
ပြောလာတာပါ။
Forum လုပ်တဲ့နေ့ကလည်း
ဒီ Freedom of Expression ဆိုတာကို
Topic တင်ပြီးတော့ကို
ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးဝိုင်းကနေ
သိခဲ့ရတာလေးကို ပြန်လည်မျှဝေပါရစေ။
အရင်စစ်အစိုးရလက်ထက်တုန်းက
Freedom
of Expression (လွတ်လပ်စွာ ဖော်ထုတ်ခွင့်) အတွက်
တိုက်ပွဲဝင်ခဲ့ကြရပါတယ်။
အဲဒီတုန်းက
Blog တွေကတစ်ဆင့်ကြိုးစားပြီးတော့
သတင်းစစ်သတင်းမှန်တွေကို
ပြည်သူတွေထံ
ကြိုးစားပြီး
တင်ဆက်ခဲ့ကြပါတယ်။
အဲဒီလိုကြိုးစားခဲ့လို့လည်း
တစ်ချို့ blogger ဆို အကျဉ်းချခံခဲ့ရဖူးပါတယ်။
ဒါပေမယ့်
ဒီလိုပွင့်လင်းလာတဲ့ခေတ်အခါမှာ
ဒီအကြောင်းအရာကို
ဘာကြောင့်ထပ်ပြောရတယ်ဆိုတာကို ရှင်းလင်းပြခဲ့ပါတယ်။
လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိလာတာဟုတ်တယ်ဆိုပေမယ့်
ဘယ်လောက်ထိ
လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရှိတာလဲဆိုတာ မသိရပါဘူး။
ဖော်ထုတ်ခွင့်ရှိတာဟုတ်ပြီ
ဘယ်အတိုင်းအတာထိ
ဖော်ထုတ်ခွင့်ရှိတာလဲ။
ဘယ်အတိုင်းအတာကို
ကျော်သွားရင်ဖြင့် ပြစ်မှုမြောက်မှာလဲဆိုတာကို မသိရပါဘူး။
အဓိကက
limit ကို မသိရတဲ့အတွက်
အရင်တုန်းကလောက်တောင်
လွတ်လွတ်လပ်လပ် မဖော်ထုတ်ရဲသလိုဖြစ်ရတယ်လို့
Blogger တစ်ယောက်က
ပြောသွားပါတယ်။
နောက်ပြီး
ဒီ Freedom of Expression နဲ့ပတ်သက်ပြီး
အီလက်ထရောနစ်ဥပဒေတွေ၊
ပြစ်မှုပြစ်ဒဏ်တွေနဲ့
အခြားသောဥပဒေတွေကိုပါ
အနည်းအကျဉ်းဆွေးနွေးသွားပါသေးတယ်။
ဥပဒေကြောင်းတွေက
ကျွန်တော်နဲ့သိပ်မရင်းနှီးတဲ့အတွက်
မဖြီးလိုတော့ပါဘူး။
လွတ်လပ်စွာဖော်ထုတ်ခွင့်လို့ပြောလာပြီဆိုတာနဲ့
တစ်ခါတည်း
တွဲပါလာတာက Accountability ဆိုတဲ့ တာဝန်ယူမှုပါ။
လွတ်လပ်စွာဖော်ထုတ်မှာတော့
ဟုတ်ပါပြီ၊
မင်းဘက်က
ဘယ်လောက်ထိ တာဝန်ယူနိုင်လဲဆိုတာက စလာပါပြီ။
ပြီးတော့…….လွတ်လပ်စွာဖော်ထုတ်တယ်ဆိုပြီး
သူတစ်ပါးကို
ပုဂ္ဂိုလ်ရေးအရ နှောင့်ယှက်လို့၊ ဒုက္ခပေးလို့ မရပါဘူး။
နောက်တစ်ခုကတော့
ID တွေ အတုလုပ်ပြီး
လွတ်လပ်စွာဖော်ထုတ်တဲ့ကိစ္စပါ။
စစ်အစိုးရလက်ထက်တုန်းကလည်း
blogger တွေ ID အတုလုပ်ပြီး
လွတ်လပ်စွာဖော်ထုတ်ခဲ့ကြပါတယ်။
ဒါကလည်းသိတဲ့အတိုင်း
မိသွားရင် သံတိုင်နောက်မှာ ဝင်အောင်းရမှာမို့ပါ။
ဒီလို ID
ဝှက်ပြီး သတင်းအမှန်တွေကို blog တွေကတစ်ဆင့်
ဖော်ထုတ်တာဟာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ပါ။
အခုနောက်ပိုင်းတော့
Facebook မှာရော၊ Blogတွေမှာပါ
Account အတု၊
ID အတုသုံးပြီးတော့
Freedom
of Expression ကို တလွဲအသုံးပြုလာတာတွေ များလာပါတယ်။
Account အတုတွေသုံးပြီး
သတင်းအမှားတွေကို
စည်းမရှိကမ်းမရှိရေးပြီး
ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာတွေ၊
လူမျိုးရေးသွေးထိုးတာတွေ၊
နိုင်ငံရေးရှုပ်ထွေးအောင်လုပ်လာတာတွေကို
တွေ့နေရပါတယ်တဲ့။
(ဒီလို
online ကစလာတဲ့ အရှုပ်တော်ပုံတွေကို
အားလုံးလည်း
သိကြပြီးသားဖြစ်မှာမို့ ဥပမာမပေးလိုတော့ပါဘူး။)
ဒီ ID အတုသုံးပြီးရေးတဲ့သူတွေမှာ
ဘာတာဝန်ခံမှုမှမရှိပါဘူး။
အဲ…. တာဝန်မခံနိုင်လို့သာ
ဒီလိုပုန်းလျှိုးကွယ်လျှိုး ရေးတာပေါ့နော်။
ဒါကြောင့်
ဒီလို source တွေကရတဲ့ သတင်းတွေဟာ ယုံရခက်ခက်ပါပဲ။
ဒါပေမယ့်
ကျွန်တော်တို့ ရွှေမြန်မာတွေကတော့ ယုံလို့ကောင်းနေတုန်းပါ။
ဒီနေရာမှာ
ပြောထားတာက
တချို့
Blogger တွေလည်း ကလောင်နာမည်အနေနဲ့
အမည်လွှဲ
Account နာမည်တွေယူကြပေမယ့်
ရုပ်လုံးပြပြီး
ပေါ်ပေါ်ထင်ထင်ရေးလေ့ရှိပါတယ်။
(စာရေးဆရာတွေလိုပေါ့နော်…..
)
နိဂုံးချုပ်အနေနဲ့
ပြောရရင်
ဒီ post လေးရဲ့အဓိက
အကြောင်းအရာကတော့
လွတ်လပ်စွာ
စည်းကမ်းရှိရှိဖော်ထုတ်ခွင့်ဆိုတာလေးပါ။
မည်ရွေ့မည်မျှလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိကြောင်း
သိရဖို့နဲ့
ကိုယ့်ဘက်က
ပြည့်ပြည့်ဝဝတာဝန်ယူမှုရှိကြစေဖို့လည်း ရည်ရွယ်ပါတယ်။
ပြီးတော့
လွတ်လပ်စွာဖော်ထုတ်ခွင့်ကို တလွဲမသုံးကြဖို့နဲ့
တတ်နိုင်ရင်
ID အတုမသုံးကြဖို့လည်း အကြံပြုသွားပါတယ်။
(မှတ်ချက်
- ဒီ post လေးမှာရေးထားတဲ့အကြောင်းအရာတွေက အပေါ်မှာဆိုထားခဲ့သလို
Myanmar
Bloggers Forum တုန်းက မှတ်သားခဲ့ရတာလေးတွေကို ရေးသားထားတာပါ။
ဒီ post လေးကိုဖတ်ပြီး
အကျိုးရှိတယ်ဆိုပါက
Forum တုန်းက
ဆွေးနွေးသွားကြတဲ့ Blogger အစ်ကိုတွေကိုသာ ကျေးဇူးတင်ကြပါ။
အကယ်၍အမှားပါခဲ့ရင်တော့
ကျွန်တော့်အားသာ ဆဲခန်းဖွင့်ကြပါကုန်။)
Credits
to : ကိုနေဘုန်းလတ်နှင့် အခြားဘလော့ဂ်ဂါသုံးဦး
(နာမည်များမမှတ်မိသည့်အတွက်
ခွင့်လွှတ်ကြပါ။)
No comments:
Post a Comment